
Black Site(2022) *************** ပုဆိန်လို့ နာမည်ဝှက်နဲ့ခေါ်ကြတဲ့ လူသတ်၊ခြေရာဖျောက်ရာမှာသိပ်ကျွမ်းကျင်တဲ့ အကြမ်းဖက်သမားတစ်ယောက်ရှိတယ်။ လူသတ်ရာမှာလည်း ဓားတစ်လက်ကို ပိုင်ပိုင်နိုင်နိုင်သုံးပြီး သားကောင်တွေကို ဘယ်သူမှန်းမသိစေဖို့ မျက်နှာကိုအရေခွံခွာသွားပါသေးတယ်တဲ့။ ဇာတ်လမ်းကတော့ အဲ့ဒီပုဆိန်ဆိုတဲ့ လူသတ်သမားနဲ့ အကျဥ်းထောင်က အရာရှိတစ်အုပ် ဘတစ်ပြန် ကျားတစ်ပြန်သတ်ပုတ်ကြတဲ့ action thrillerကားပါ။ ဇာတ်လမ်းအကျဥ်းကတော့ အက်ဘီဟာ ရာဇဝတ်မှုတွေကို စီစစ်ရသူ၊ အကျဥ်းသားတွေကို စစ်မေးရသူ စီအိုင်အေ အေးဂျင့်တစ်ယောက်ပါ။ လက်ရှိမှာလည်း အကြမ်းဖက်သမားတွေရဲ့ဗုံးခွဲတိုက်ခိုက်မှုတစ်ခုကို စစ်ဆေးမေးမြန်းနေရင်း လျှို့ဝှက်အကျဥ်းထောင်တစ်ခုမှာ တာဝန်ထမ်းဆောင်နေတာပါ။ ဒီဗုံးခွဲမှုဟာ အရပ်သားဆေးရုံကိုဗုံးခွဲခဲ့တာဖြစ်ပြီး အက်ဘီရဲ့ခင်ပွန်းဖြစ်သူနဲ့ သမီးဖြစ်သူကိုလည်း ပေါက်ကွဲမှုမှာသေဆုံးသွားပါတယ်။ အမှုနောက်လိုက်ရင်းလိုက်ရင်းက လက်သည်ဟာ ပုဆိန်နဲ့ ပတ်သက်နေမှန်းသိလိုက်ရတယ်။ ခက်တာက ပုဆိန်ဆိုတာ ဘယ်သူမှန်းမသိသလို ဘယ်သူမှမမြင်ဖူးပါဘူး။ သို့ပေမဲ့ တစ်နေ့မှာ အထူးရဲတပ်ဖွဲ့တွေက ပုဆိန်ကိုဖမ်းမိခဲ့ပြီး အက်ဘီရှိရာ အကျဥ်းထောင်ကိုစစ်ဆေးမေးမြန်းဖို့လွှဲပေးလိုက်ပါတယ်။ ပုဆိန်လို လူသူမသိခြေရာဖျောက်နိုင်တဲ့ အကြမ်းဖက်သမားက အဖမ်းခံရရိုးလား၊ တမင်အဖမ်းခံပြီး ထောင်ထဲရအောင်ဝင်လာတာပါ။ သူ့ရဲ့ရည်မှန်းချက်အစစ်က ဘာဖြစ်မလဲ၊ စီအိုင်အေး အေးဂျင့်တွေကြား ဘယ်လိုလှည့်ကွက်တွေလာဦးမလဲဆိုတာတော့ အက်ရှင်ကားကြိုက်သူတို့အတွက် ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ File Size :(1.3GB)& (443MB) Quality :BLU-RAY.1080P,720p Format…mp4 Duration…01:33:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae