
ဒီဇာတ်လမ်းလေးမှာ ဇနီးဖြစ်သူ ဆုံးပါးသွားတဲ့အခါ အဲလီရော့တ်အန်ဒါဆန်ဟာ သူ့မြေးမလေး အဲလူဝီးစ်ကို တစ်ယောက်တည်း ပြုစုပျိုးထောင်ပေးဖို့ ဖြစ်လာပါတယ်။ အဲလူဝီးစ်ရဲ့ အမေ၊ အဲလီရော့တ်ရဲ့သမီးကတော့ နှလုံးရောဂါ အခံနဲ့ ကလေးမွေးဖွားစဉ်က ဆုံးပါးသွားခဲ့တာဖြစ်ပြီး အဖေဖြစ်သူကတော့ မူးယစ်ဆေးမှုတွေနဲ့ ပြစ်မှုမှတ်တမ်း တွေရှိပြီး သတင်းအစအနတောင် မကြားရတဲ့သူပါ။ အဲလီရော့တ်က သမီးဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့အပြင် ဇနီးဖြစ်သူကိုပါ ဆုံးရှုံးရပြန်တော့ အရက်သောက်နေတဲ့ အရက်သမားကြီးလို ဖြစ်နေပေမယ့် သူ့မြေးမလေးကိုတော့ ဘယ်နေရာမှလစ်ဟင်းမှုမရှိအောင် ချစ်ခြင်းမေတ္တာအပြည့်နဲ့ ဂရုစိုက်ပေးပါတယ်။ ဒါပေမဲ့ အဲလူဝီးစ်လေးရဲ့ တစ်ဖက်က အဘွား ရိုဝီနာကတော့ သူ့မြေးမလေးကို အဘိုးဖြစ်သူ အဲလီရော့တ် စောင့်ရှောက်တာကို စိတ်မချဖြစ်ပါတယ်။ ဒီလိုနဲ့ ရိုဝီနာက သူ့မောင် ရှေ့နေနဲ့အတူ ကလေးအုပ်ထိန်း စောင့်ရှောက်ခွင့်အတွက် တရားရင်ဆိုင်ပါတော့တယ်။ ဒီနေရာမှာ ပြဿနာကတော့ အဲလူဝီးစ်လေးရဲ့ အဘိုးအဲလီရော့တ်က လူဖြူဖြစ်ပြီး အဖေဘက်၊ အဘွားဝီဝီဘက်ကတော့ လူမဲ တွေဖြစ်နေတာပါ။ ကလေး အုပ်ထိန်းခွင့်အတွက် တရားရင်ဆိုင် ကြတဲ့အခါ အဘိုးဖြစ်သူ အဲလီရော့တ်ကပဲ အုပ်ထိန်းခွင့်ရသွားမလား၊ အဘွားဝီဝီကပဲ အုပ်ထိန်းခွင့်ရသွားမလားဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ ဒီဇာတ်လမ်းလေးဟာ မိသားစုချစ်ခြင်းမေတ္တာကို ဖော်ကြူးထားတဲ့ အပြင် လူမဲ လူဖြူဆိုတာ အသားအရောင်သာကွာခြားတဲ့ လူသားအချင်းချင်းပါပဲ ဆိုတဲ့ မက်ဆေ့ခ်ျလေးကို ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် ) File size…1.79GB / 779MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 1m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Orika
| Provider | Resolution | File Size | |
|---|---|---|---|
| 1080P | 1.79GB | Download | |
| 1080P | 1.79GB | Download | |
| 1080P | 1.79GB | Download | |
| 1080P | 1.79GB | Download | |
| 720P | 779MB | Download | |
| 720P | 779MB | Download | |
| 720P | 779MB | Download | |
| 720P | 779MB | Download | |
| 720P | 779MB | Download | |
| 720P | 779MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.6 / 10
Director