
ဒီ Black Dogs ဇာတ်ကားလေးကတော့ နာမည်ကြီးဒါရိုက်တာကြီး Guan Huက ရိုက်ကူးထားပြီး ရုပ်ရှင်လောကမှာ နာမည်ကြီးဂုဏ်ယူစရာကောင်းတဲ့ ဆုပေးပွဲကြီးတစ်ခုဖြစ်တဲ့ Cannes Film festival မှာ Un Certain Regard ဆုကြီးနဲ့ Palm Dog Award-Grand Jury Prize ဆိုတဲ့ ဆုကြီးနှစ်ဆုတောင်ရထားတာပဲဖြစ်ပါတယ် ။ အဓိကသရုပ်ဆောင်အနေနဲ့ ထိုင်ဝမ်မင်းသားကြီး Eddie Peng က ပါဝင်သရုပ်ဆောင်ထားပြီး Tong Liya , Jia Zhangke , Zhang Yi အစရှိသဖြင့် နာမည်ကြီးဝါရင့်သရုပ်ဆောင်ကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ – ဂိုဘီသဲဂန္တာရတစ်နေရာမှာ ချစ်ရှားမြို့ကိုလာတဲ့ ခရီးသည်ယာဉ်တစ်စီးဟာ ဘယ်ကလာမှန်းမသိတဲ့ ခွေးအုပ်ကိုရှောင်ရင်း တိမ်းမှောက်သွားပါတော့တယ် ။ ဒီကားထဲမှာပါလာတဲ့သူတစ်ယောက်က နဂိုက မြို့ရဲ့နာမည်ကြီးတေးဂီတအဖွဲ့က အဖွဲ့ဝင်တစ်ဦးလည်းဖြစ် ၊ မော်တော်ဆိုင်ကယ်အဖွဲ့မှာလည်း အတော်ဆုံးဆိုင်ကယ်မောင်းသမားတစ်ဦးဖြစ်ခဲ့တဲ့ လန်ရုံဟွေးဖြစ်ပါတယ် ။ သူကလူသတ်မှုနဲ့ထောင်ကျပြီး ဆယ်နှစ်ကြာမှ မြို့ကိုပြန်ရောက်လာတဲ့အချိန်မှာ မြို့က တော်တော်များများပြောင်းလဲသွားခဲ့ပါတယ် ။ အဲဒီထဲမှာမှ မြို့သစ်စီမံကိန်းကြောင့် မြို့ကပိုင်ရှင်နဲ့ခွေးတွေကို မြို့ပြင်ကိုမောင်းထုတ်နေတဲ့အစီစဉ်လည်းပါပါတယ် ။ အဲဒီအချိန်မှာပဲအစိုးရက ခွေးနက်တစ်ကောင်မှာ ခွေးရူးပြန်ရှိနေတယ်လို့ သံသယရှိပြီး အဲဒီခွေးကိုဖမ်းနိူင်ရင် ဆုကြေးငွေကြီးကြီးပေးမယ်လို့ထုတ်ပြန်ထားခဲ့ပါတယ် ။ ထောင်ကထွက်လာခါစလန်ရုံဟွေးတစ်ယောက် ဘာအလုပ်မှမရှိတော့ အဲဒီခွေးနက်ကိုလိုက်ဖမ်းဖို့ကြံစည်ပါတော့တယ် ။ ဇာတ်လမ်းလေးထဲမှာတော့ ဆုကြေးငွေလိုချင်လို့ လိုက်ဖမ်းမဲ့ခွေးလေးနဲ့ သူဘယ်လိုသံယောဇဉ်တွယ်သွားမလဲ ? ဘယ်လိုအတားအစီးအခက်အခဲတွေနဲ့ ဒီလေလွင့်ခွေးလေးတွေကို ကယ်တင်သွားမလဲဆိုတာကို emotional ဖြစ်သည်အထိ ခံစားကြည့်ရှုရမှာဖြစ်လို့ တိချစ်တတ်တဲ့သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့ အကြောင်းပြောရင်း ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေ။
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.42 GB | Download | |
| 1080p | 2.42 GB | Download | |
| 1080p | 2.42 GB | Download | |
| 1080p | 2.42 GB | Download | |
| 1080p | 2.42 GB | Download | |
| 1080p | 2.42 GB | Download | |
| 720p | 939.5 MB | Download | |
| 720p | 939.5 MB | Download | |
| 720p | 939.5 MB | Download | |
| 720p | 939.5 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.2 / 10
Director