
ဇာတ်လမ်းအကျဉ်းလေးကတော့ တောင်အာဖရိက ကစဂေါ့ဒဖိုလာဆိုတဲ့မြို့လေးဟာ တစ်ချိန်က စက်ရုံတစ်ရုံကြောင့် စားဝတ်နေရေး ချောင်လည်ကြပြီး မြို့သူမြို့သားတွေဟာ ပျော်ရွှင်နေကြပါတယ်၊ တစ်နေ့မှာ အခြေအနေအကြောင်းကြောင်းကြောင့် စက်ရုံကိုပိတ်ဖို့ဖြစ်လာတော့ အလုပ်လက်မဲ့သူတွေများလာပြီး ရာဇဝတ်သမားတွေလည်း ပေါလာပါတော့တယ် ၃၆ ဆိုတဲ့အလုပ်သမားလေးဟာ အရက်ဆိုင်တစ်ခုကို မီးဖိုလာပို့ရင်းနဲ့ ဆိုင်ရှေ့မှာတင် အခိုးခံလိုက်ရတယ်၊ ဒါကိုမကျေနပ်တဲ့အတွက် ဘယ်သူတွေခိုးတာလဲ သူတို့က ဘယ်မှာနေတာလဲဆိုပြီး အရက်ဆိုင်ပိုင်ရှင်ကိုသွားမေးတယ်၊ ဆိုင်ရှင်ကတော့ လိုက်မသွားသင့်ကြောင်း သူတို့ကအန္တရာယ်များကြောင်းပြောပေမယ့် လက်မခံတဲ့ အဆုံးမှာ လူမိုက်တွေရှိတဲ့နေရာကိုပြောပြလိုက်တယ်၊ သတ္တိရှိတဲ့ ၃၆ ဟာ တစ်ကိုယ်တည်း လူမိုက်တွေနေရာမှာ သွားကြမ်းပြလိုက်တော့ ခေါင်းဆောင်ဖြစ်တဲ့ ပွန်ဆူနူနူဟာ သူ့ကိုသဘောကျသွားပြီး ပိတ်ရက်အတွင်းမှာ ချမ်းသာစေမယ့် လုပ်ငန်းတစ်ခု ရှိကြောင်းပြောလိုက်တယ်၊ ပစ္စည်းပို့တဲ့အလုပ်ထက်ပိုက်ဆံအများကြီးရမယ့် အလုပ်ဆိုတော့ ၃၆ လည်းစိတ်ဝင်စားပြီးလက်ခံလိုက်တယ်၊ ပွန်ဆူနူနူနဲ့ ၃၆ တို့ ဘာတွေလုပ်ပြီး ပိုက်ဆံရှာကြမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး။ File size…1.63GB / 681MB Quality…NF WED-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 31m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin