Preparing your cinema experience...

Walt Disney Animation ရဲ့ နောက်ထပ် လူကြိုက်များလှတဲ့ animation ဇာတ်ကားလေးပါပဲ။ ဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ် ရပ်တည်ခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး ပေးထားတဲ့ Message တွေကောင်းမွန်လှပပါတယ်။ Baymax ရဲ့ ချစ်စရာကောင်းတဲ့ အပြုအမှုလေးတွေနဲ့ ပုံစံတွေကို သဘောကျမိမှာ အမှန်ဖြစ်ပြီး Baymax ရဲ့ လှုပ်ရှားပြုမှုပုံတွေကို ပင်ဂွင်းပေါက်စလေးတွေရဲ့ အပြုအမှုကို ပုံစံတူယူပြီး ဖန်တီးထားတာပါ။ Walt Disney နဲ့အတူ Marvel Entertainment ကပါ ပူးပေါင်းရိုက်ကူးထားတဲ့အတွက် အစောပိုင်းထွက်ခဲ့တဲ့ Walt Disney ဇာတ်ကောင်တွေနဲ့ မတူကွာခြားလို့နေပါတယ်။ IMDB Ratings: 7.8/10 ရရှိထားပြီး ကြည့်ဖို့လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးတစ်ခုပါပဲ။