
Imdb – 5.5/10 ၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးက အမေရိကန် ဆယ်ကျော်သက်ဟာသ ရုပ်ရှင်ဖြစ်ပါတယ်။ Agent Cody Banks ရုပ်ရှင်တွေမှာ အဓိကဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Frankie Muniz က ဒီဇာတ်ကားထဲမှာJason အဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Jason က Greenbury မြို့မှာနေထိုင်တဲ့ ၁၄ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦးဖြစ်ပြီး လုပ်ကြံဇာတ်လမ်းတွေ ဖန်တီးလိမ်လည်တဲ့နေရာမှာ ထူးချွန်သူဖြစ်ပါတယ်။ တစ်နေ့မှာ ဆရာမ ပေးလိုက်တဲ့ အိမ်စာဖြစ်တဲ့ အင်္ဂလိပ်စာ အက်ဆေးကို အချိန်မီထပ်ဖို့ ကျောင်းကိုအသွား Marty Wolf ဆိုတဲ့ သြဇာကြီး ဟောလီးဝုဒ် ပရိုဂျူဆာ တစ်ဦးရဲ့ ကားနဲ့တိုက်မိပါတယ်။ Marty က Jason ကို ကျောင်းအထိလိုက်ပို့ပေးပေမဲ့ Jason ရဲ့ အိမ်စာအက်ဆေးက ကားထဲမှာကျန်ခဲ့ပါတယ်။ အိမ်စာမထပ်နိုင်လို့ Jason လည်း နွေရာသီ အချိန်ပိုကျောင်း တက်လိုက်ရပြီး အဲဒီအချိန်မှာ Marty Wolf ကတော့ Jason ရဲ့ အက်ဆေးထဲက ဇာတ်လမ်းကို Big FatLiar လို့ အမည်ရတဲ့ ရုပ်ရှင်ကားကြီးအဖြစ် ရိုက်ကူးဖို့ ကြေငြာလိုက်ပါတယ်။ ဒီအကြောင်းတွေကို Jason သိသွားတဲ့အခါမှာ သူငယ်ချင်းမိန်းကလေးဖြစ်သူ Kaylee နဲ့အတူ Marty Wolf နေထိုင်ရာ ဟောလီးဝုဒ်အထိ လိုက်သွားပြီး Marty Wolf ကို Jason ရဲ့ဇာတ်လမ်းကို ခိုးယူကြောင်း ဝန်ခံခိုင်းပါတယ်။ Marty က လက်မခံတဲ့အခါမှာတော့ သူငယ်ချင်းနှစ်ယောက် Marty ကို နည်းမျိုးစုံသုံးပြီး ပညူပြဖို့ ကြိုးစားရပါတော့တယ်။ ၂၀၀၀ ခုနှစ်ကျော်ကာလတွေက အဟုန်ပြင်းပြင်းနဲ့ ထွက်ရှိခဲ့တဲ့ Teen/Comedy ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ပြီး ဝင်ငွေအရ အောင်မြင်မှုရရှိခဲ့ပါတယ်။ နာမည်ကြီးသရုပ်ဆောင် Paul Giamatti က ဘဝင်မြင့်မောက်မာပြီး ဆောင့်ကြွားကြွားနိုင်တဲ့ ဟောလီးဝုဒ်ထုတ်လုပ်သူ Marty Wolf အဖြစ် ပါဝင်ထားပါတယ်။ မိသားစုနဲ့အတူ ကြည့်ပျော်တဲ့ ပေါ့ပေါ့ပါးပါး ဟာသရုပ်ရှင်လေးတစ်ခုဖြစ်ပါတယ်။ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre… Family, Comedy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Wolfenheim
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.1 GB | Download | |
| 1080p | 2.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director