| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |

မကြာသေးခင်ကမှထွက်ရှိထားတဲ့ အိန္ဒိယတောင်ပိုင်း ရုပ်ရှင်ကားကြီးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကိုပြောရရင် Psychoနဲ့ Horror ပေါင်းစပ်ထားတဲ့ စိတ္တဇသရဲကားမျိုးပါပဲ။ အသည်းငယ်တတ်ရင်တော့ နေ့ခင်းဘက်လင်းလင်းရှင်းရှင်းရှိတုန်းမှာကြည့်စေချင်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ စိတ်ကျရောဂါခံစားနေရတဲ့သားအမိနှစ်ယောက်ဟာ မိသားစုဝင်တစ်ယောက်သေဆုံးသွားပြီးနောက် ပုံမှန်မဟုတ်တဲ့ဖြစ်ရပ်တွေကိုကြုံလာရပါတယ်။ ရုပ်ရှင်အစအဆုံးမှာလည်း သာမန်အိန္ဒိယသရဲကားတွေလိုပုံစံခွက်ထဲကအတိုင်းမဟုတ်ပဲ စိတ္တဇထိတ်လန့်သည်းဖိုပုံစံမျိုးရော သရဲခြောက်တာရောပေါင်းပြီး ကြက်သီးထစရာဖြစ်အောင်ဖန်တီးထားပါတယ်။ ဇာတ်လမ်းအစမှာ သားအမိနှစ်ယောက်ရဲ့ဆက်ဆံရေးကိုအရင်ဆုံးအသားပေးဖော်ပြထားပြီးတော့ သူတို့ရဲ့ မိသားစုဝင်တစ် ယောက်ဆုံးရှုံးသွားရတဲ့အခါ စိတ်ကျဝေဒနာကိုစတင်ခံစားလာရတာကနေ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းတစ်လျှောက်မှာလည်းလူတွေမခန့်မှန်းနိုင်တဲ့ အလှည့်အပြောင်းတွေကိုမြင်ရမှာမို့ Spoiler မဖြစ်အောင် အများကြီးပြောမပြတော့ပါဘူး။ ဇာတ်ကားရဲ့အစပိုင်းမှာ သရဲခြောက်တဲ့အခန်းတွေကိုအများကြီးမြင်ရမှာမဟုတ်ပေမယ့် ဒီ Psycho သားအမိနှစ်ယောက်နဲ့တင်ကိုကျောချမ်းနေရမှာတော့ အာမခံပါတယ်။ အမှန်တကယ်ကတော့ ဒီဇာတ်ကားတစ်လျှောက်လုံးမှာ ပဟေဠိတွေ၊မြှုပ်ကွက်တွေ၊မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေ မထင်ရင်မထင်သလိုပြနေတာကြောင့် သရဲကားလို့ကြိုမသိထားရင်တောင် ကြည့်ရတာပိုအရသာရှိမယ့်ကားမျိုးပါ။ ဒီတော့သရဲကားပရိသတ်မှမဟုတ်ပဲ ဇာတ်အိမ်ခိုင်ခိုင်၊ ဒိုင်ယာလော့ကောင်းကောင်းနဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကို ကြိုက်တတ်ရင်တော့ လက်လွှတ်မခံသင့်တဲ့ဇာတ်ကားကောင်းတစ်ကားလို့ပဲညွှန်းလိုက်ပါရစေ။ File size…1.05Gb / 500MB Quality…1080p True WEB DL AAC 2.0CH Format…mp4 Duration….1h 45mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Haruko & Yate