
Bhairathi Ranagal (2024) “ရှာမှရှားတဲ့ သူလိုလူ” ဇာတ်အိမ်ကောင်းကောင်းကောင်းကိုမှ ကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက် ဘောလိဝုဒ် အက်ရှင်-ဒရာမာဇာတ်လမ်းတစ်ပုဒ်ကို မိတ်ဆက်ပေးချင်ပါတယ်။ တရားဥပဒေဘက်ကကြည့် လူဆိုးဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ အများပြည်သူအတွက် သူရဲကောင်းဖြစ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ဘ၀ဇာတ်ကြောင်းကို အလှည့်အပြောင်းများစွာနဲ့ တင်ဆက်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ လူဆိုးတစ်ယောက်အဖြစ် တရားဥပဒေက တံဆိပ်တပ်ခံထားတဲ့ ဘဟိုင်ရာသီရာနဂယ်ဟာ ငယ်စဉ်ကတည်းက ထောင်ထဲမှာ ကြီးပြင်းခဲ့ရသူပါ။ သူ့ရွာအကျိုးအတွက် အကြမ်းဖက်သလိုဖြစ်ခဲ့ရာက ထောင်းနန်းစံခဲ့ရတဲ့ ရာဂနယ်ဟာ ထောင်ထဲမှာ အလကားမနေဘဲ ဥပဒေပညာကို ကြိုးစားသသင်ယူခဲ့ပါတယ်။ ထောင်ကထွက်လာချိန်မှာလည်း ရှေ့နေအဖြစ် သူ့ရပ်ရွာအကျိုးကို ဆောင်ရွက်ခဲ့ပါတယ်။ သူ့ရပ်ရွာက ပြည်သူတွေအတွက်တော့ သူဟာ နတ်ဘုရားတစ်ပါးလို ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းက ဒီမှာတင်ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ ငယ်စဉ်ကတည်းက ဘ၀မလှခဲ့တဲ့ ရာနဂယ်တစ်ယောက် ရှေ့နေဘ၀မှာလည်း အလှည့်အပြောင်းများစွာ ကြုံတွေ့လာရပါတယ်။ အစကတည်းက ကံကြမ္မာရဲ့မျက်နှာသာပေးခြင်းကို မခံရတဲ့ ရာနဂယ်ကို ကံတရားက ဘယ်လိုကျီစားဦးမှာလဲ… တရားမျှတမှုနဲ့ မတရားမှုတွေကြားမှာ ဘယ်လိုဓားစာခံဖြစ်ဦးမှာလဲ… ရှေ့ဆက်ပြီး သူ ဘယ်လို ကြံ့ကြံ့ခံရင်ဆိုင်သွားမလဲဆိုတာ စိတ်၀င်စားစရာ ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)