
ဒီဇာတ်လမ်းလေးကတော့ ၂၀၂၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ ချက်ဇ်နိုင်ငံကရိုက်ထားတဲ့ ဒရာမာဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီဇာတ်လမ်းမှာတော့ အသက် ၇၅ နှစ်အရွယ် စာရေးဆရာကြီးတစ်ယောက်ဟာ သူ့ဘဝရဲ့နေဝင်ချိန်ကို ရောက်လုနီးပါးရှိနေပြီလို့ထင်ပြီး သူ့ရဲ့ခေါင်းထဲမှာရှိနေတဲ့ မပြီးပြတ်သေးတဲ့ ဇာတ်လမ်းသုံးပုဒ်ကို လက်စသတ်ဖို့လုပ်ပါတယ်။ ဒီဇာတ်လမ်းတွေထဲက ဇာတ်ကောင်တွေကလည်း အပြင်လက်တွေ့ဘဝမှာပေါ်လာပြီး သူတို့ရဲ့ဇာတ်လမ်းတွေကို အဆုံးသတ်ပေးဖို့ စာရေးဆရာကြီးကို တောင်းဆိုကြပါတယ်။ ပထမဇာတ်လမ်းထဲက စာရေးဆရာ မာတက်ဂ်ျကတော့ ချောမောလှပပြီး ချဉ်းကပ်လို့မရနိုင်လောက်အောင် မာနကြီးတဲ့ကောင်မလေးတစ်ယောက်ကိုရနိုင်ဖို့အတွက် သူ့ဇာတ်လမ်းကို ဖန်တီးပေးဖို့ စာရေးဆရာကြီးဆီမှာ အပူလာကပ်တဲ့အကေကြာင်းဖြစ်ပြီး နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်ကတော့ ဆေးကုဆရာတစ်ယောက်ဖြစ်ချင်တဲ့ ကားပြင်ဆရာတစ်ယောက်အကြောင်းပါ။ နောက်ဆုံးဇာတ်လမ်းကတော့ autism ဖြစ်နေတဲ့သားအတွက် ပုံမှန်ဘဝရနိုင်ဖို့ ဆန်းကြယ်မှုတစ်ခုကို လိုအပ်နေတဲ့ဖခင်တစ်ယောက်ရဲ့အဖြစ်ပေါ့။ စာရေးဆရာကြီးက ဒီဇာတ်လမ်းသုံးပုဒ်ကို အပြီးသတ်ဖို့လုံးပန်းနေချိန်မှာ တစ်ဖက်မှာလည်း စာရေးတာကိုရပ်ပြီး နောက်ဆုံးအချိန်မှာ သူ့ကိုဂရုစိုက်ပေးစေချင်တဲ့ ဇနီးကရှိနေပြန်ပါရော။ ဒီလိုနဲ့ စာရေးဆရာကြီးတစ်ယောက် ဒီဇာတ်လမ်းတွေနဲ့ ဇနီးသည်အကြား နှစ်ပါးသွားကြပုံကို ဟာသဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ စိတ်ကူးယဉ်ဇာတ်ကောင်တွေရဲ့ အချစ်၊ အိမ်ထောင်ရေးဘဝ၊ ယုံကြည်ချက်တွေနဲ့ ဆန်းကြယ်မှုတွေအကြောင်း ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.8GB | Download | |
| 1080p | 1.8GB | Download | |
| 1080p | 1.8GB | Download | |
| 1080p | 1.8GB | Download | |
| 720p | 1GB | Download | |
| 720p | 1GB | Download | |
| 720p | 1GB | Download | |
| 720p | 1GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director