
Imdb rating – 7.3/10 ဒီရုပ်ရှင်ကတော့ ၂၀၀၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ အမေရိကန်အင်ဒီရုပ်ရှင်ဖြစ်ပြီး Crime/Drama နဲ့ Thriller အမျိုးအစားဖြစ်ပါတယ်။ ဇာတ်ကားနာမည်က အိုင်းရစ်ရှ်စကားပုံတစ်ခုကနေ မှီငြမ်းထားတာဖြစ်ပြီး ဒီရုပ်ရှင်ကို၂၀၀၇ မှာ ထွက်ရှိခဲ့တဲ့အကောင်းဆုံးရုပ်ရှင် ဆယ်ခုထဲကတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ အော်စကာဆုရှင်မင်းသားကြီး Philip Seymour Hoffmann နဲ့ Ethan Hawke တို့က အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ Hank နဲ့ Andy Hanson ညီအစ်ကိုနှစ်ယောက်အဖြစ်ပါဝင်ထားပါတယ်။ ဇာတ်လမ်းမိတ်ဆက်ကတော့ ဟန်ခ့်ဟန်ဆန် (Ethan Hawke) က ဇနီးဖြစ်သူနဲ့ကွာရှင်းထားပြီး ငွေကြေးမပြေလည်တာကြောင့် အကြွေးပတ်လည်ဝိုင်းပြီး သမီးဖြစ်သူအတွက် ကလေးစရိတ်ကိုတောင်ပေးဖို့ရုန်းကန်နေရသူပါ။ သူ့အစ်ကိုဖြစ်တဲ့ အန်ဒီက အိမ်ခြံမြေကုမ္ပဏီမှာ ဘဏ္ဍာရေးဌာနအကြီးအကဲဖြစ်ပြီး ငွေကြေးအလွဲသုံးစားလုပ်ထားတာတွေကြောင့် ဘရာဇီးကိုထွက်ပြေးဖို့ကြံစည်နေပါတယ်။ လိုအပ်တဲ့ငွေကြေးကိုရဖို့အတွက် အန်ဒီက သူ့ညီဟန်ခ့်ကို ဓားပြတိုက်ဖို့စည်းရုံးပါတော့တယ်။ ဓားပြတိုက်မှာက တခြားမဟုတ်ဘဲ သူ့မိဘနှစ်ပါးရဲ့ရတနာဆိုင်ပါ။ ဒါပေမဲ့ သူတို့စီစဥ်ထားသလိုမဖြစ်ဘဲ အကြီးအကျယ်လွဲချော်သွားတဲ့အခါ နောက်ဆက်တွဲဖြစ်ရပ်တွေ တသီတတန်းကြီးကို ရင်ဆိုင်ရပါတော့တယ်။ Indie ရုပ်ရှင်ဖြစ်လို့ လူသိမများပေမဲ့ ဒီရုပ်ရှင်က အရည်အသွေးမြင့်မားတဲ့ မှုခင်းဒရာမာဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ မတော်တဆတိုက်ဆိုင်သွားတဲ့ ဖြစ်ရပ်တစ်ခုကနေ မိသားစုပြိုကွဲတဲ့အထိ ဆင့်ကဲသက်ရောက်သွားပုံကို Pulp Fiction ဇတ်ကားလို non-linear စတိုင်နဲ့တင်ဆက်သွားတာဖြစ်ပါတယ်။ ဇာတ်အိမ်ဖွဲ့စည်းမှုကောင်းမွန်ပြီး Philip Hoffmann နဲ့ Ethan Hawke လို ဝါရင့်သရုပ်ဆောင်တွေရဲ့ပုံဖော်တင်ဆက်မှုကလည်းပီပြင်တဲ့အတွက် ရုပ်ရှင်ဝေဖန်သူတွေ အထူးချီးကျူးခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ အင်ဒီရုပ်ရှင်နှစ်သက်သူများနဲ့ မှုခင်းဒရာမာ Thriller ရုပ်ရှင်များကိုကြိုက်နှစ်သက်သူတိုင်း မဖြစ်မနေကြည့်ရှုသင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ အန်ဒီအဖြစ်အကောင်းဆုံးသရုပ်ဆောင်သွားတဲ့ ဝါရင့်မင်းသားကြီး Philip Hoffmann ကတော့ ၂၀၁၄ မှာကွယ်လွန်သွားခဲ့ပါပြီ။ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre…Drama, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.2 GB | Download | |
| 1080p | 2.2 GB | Download | |
| 1080p | 2.2 GB | Download | |
| 1080p | 2.2 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.3 / 10
Director