
သင်သာနေ့ရက်တရက်တည်းမှာပဲပိတ်မိနေမယ်ဆိုရင်ဘယ်လိုလုပ်မလဲ။ ဘာတွေလုပ်မလဲ။ အဲဒီနေ့ရက်တွေမှာဘာတွေပြင်မလဲ။ ကိုယ့်ဘဝမှာထင်ခဲ့တာတွေလုပ်ခဲ့တာတွေကိုဘယ်လိုဆန်းစစ်မလဲ။ ကိုယ့်ရဲ့တနေ့တာကိုဘယ်လိုအသုံးချမလဲ။ ဆမ်မန်သာကင်းစတန်ဆိုတဲ့ကောင်မလေးဟာအထက်တန်းကျောင်းသူတယောက်ဖြစ်ပြီး ကျောင်းကနာမည်ကြီးကောင်လေးတယောက်နဲ့လည်းချစ်သူတွေပါ။ အနာဂတ်ဟာသူ့အတွက်ဖြောင့်ဖြူးနေသယောင်ရှိနေပေမယ့် ရုတ်တရတ်ပါတီတခုကပြဿနာဖြစ်ပြီးအပြန်ကားမှောက်ကသူသေဆုံးသွားပါတယ်။ ဒါပေမယ့်ထူးဆန်းစွာပဲသူအဲဒီနေ့ကိုပဲပြန်လည်နိုးထလာတယ်။ အဲဒီနေ့မှာပဲအဲဒီဖြစ်စဉ်တွေကိုပြန်လည်ဖြတ်သန်းခဲ့ရပါတယ်။ တရက်လည်းမဟုတ်နှစ်ရက်လည်းမဟုတ်အဲဒီနေ့တနေ့တည်းမှာပဲထပ်ခါထပ်ခါပိတ်မိနေပါတယ်။ အဲဒီလိုနဲ့သူ့ရဲ့အနီးနားကလူတွေအကြောင်းကိုသတိထားမိလာပါတယ်။ သူတို့ရဲ့လျို့ဝှက်ချက်တွေသိလာတယ်။ တကယ့်သရုပ်မှန်တွေသိလာတယ်။ လူ့သဘောသဘာဝကိုနားလည်လာတယ်။ ဘာကလုပ်သင့်ပြီးဘာကမလုပ်သင့်တာကိုသိလာခဲ့တယ်။ ဒါ့အပြင်နေ့တနေ့တည်းရဲ့အစွမ်းကဘယ်လိုခြားနားမှုတွေကိုလုပ်နိုင်တယ်ဆိုတာသိလာပါတယ်။ ဇာတ်လမ်းအဆုံးသတ်လေးဟာပရိတ်သတ်ရင်ကိုဆွဲယူနိုင်မှာပါ။ ဒီဇာတ်ကားလေးကနေတွေးစရာတွေအများကြီးရလာမယ်လို့ထင်ပါတယ်။ ကြည့်ရတာတန်စေမယ့်ကားလေးပါ။ ဆိုတော့ဆမ်မန်သာဆိုတဲ့ကျောင်းသူလေးဘယ်လိုတွေကျော်ဖြတ်မလဲဆိုတာကြည့်လိုက်ရအောင်ဗျာ။ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Fridays ပဲဖြစ်ပါတယ်) File Size : 700 MB/250MB Quality : Bluray 720p Running Time : 1hr 38minutes Format : Mp4 Genre : Drama, Mystery Translator : Fridays Encoder :Thanhtike Zaw
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |