
Btaman : The Doom that came to Gotham (2023) Batman: The Doom that came to Gotham ဟာဆိုရင် ၂၀၀၀ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ ထွက်ရှိခဲ့တဲ့ အပိုင်းသုံးပိုင်း ပါဝင်တဲ့ နာမည်တူ Comic book ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီနာမည်ဟာဆိုရင် Sci-Fi horror မှာ ဆရာကြီး တစ်ပါးဖြစ်တဲ့ H.P. Lovecraft ရဲ့ The Doom that came to Sarnath ကို မှီငြမ်းပြီး ပေးထားတာပါ။ ဒီရုပ်ရှင်ဟာဆိုရင် Horror အရသာတွေပါသလို Detective ပိုင်းကို မလစ်ဟင်းအောင် ပေါင်းဖက်ထားတဲ့ ရုပ်ရှင်ကောင်းတစ်ခုပါပဲ။ ၂၀၂၃ ထဲမှာ ကျွန်တော် မျှော်နေတဲ့ ဇာတ်ကားတွေထဲက တစ်ခုအပါအဝင်ပါပဲ။ မျှော်လင့်ရကျိုးနပ်တယ်ပဲ ပြောရမလား တကယ်ကို ကြည့်လို့ကောင်းပါတယ်။ Horror အရသာတွေကို ကောင်းကောင်းပေးနိုင်ပြီး Detective ပိုင်းမှာဆိုရင်လည်း Plot twist တွေလည်း ဆွဲခေါ်သွားနိုင်ပါတယ်။ Action အပိုင်းတွေကိုလည်း ရိုးအီမနေအောင် ထည့်ပေးထားလို့ ရသမျိုးစုံ ခံစားနိုင်မှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ အန္တာတိကမှာ ရှာဖွေရေးလုပ်နေတဲ့ အော့စ်ဝဲလ်ကိုဘယ်ပေါ့တ်တို့ လူတစ်စု ပျောက်ချင်းမလှ ပျောက်သွားလို့ ဘရု့စ်ဝိန်လည်း သူ့ရဲ့ မွေးစားသား တစ်သိုက်နဲ့အတူ လိုက်ပြီး ရှာဖွေခဲ့ပါတယ်။ ဒီလိုနဲ့ ကိုဘယ်ပေါ့တ်တို့အဖွဲ့ကို သေဆုံးလျှက်ပြန်ရှာတွေ့ခဲ့ပေမယ့် အော့စ်ဝဲလ်နဲ့ တခြားတစ်ယောက်ကတော့ ပျောက်ဆုံးနေပါသေးတယ်။ အဲမှာပဲ အော့စ်ဝဲလ်ရဲ့ မှတ်စုစာအုပ်ကိုတွေ့သွားပြီး ဂေါ်သမ်မြို့ပေါ်ကို ကျရောက်တော့မယ် ကြမ္မာဂြိုဟ်ဆိုးကြီးအကြောင်းကို ဘရု့စ် သိသွားပါတော့တယ်။ ဂေါ်သမ်မြို့ကနေ ထွက်ခွာလာတာ အနှစ် ၂၀ နီးပါးရှိဖြစ်တဲ့ ဘရု့စ်လည်း ချက်ချင်းဆိုသလို ဂေါ်သမ်ကို ပြန်လာခဲ့ပါတော့တယ်။ ဂေါ်သမ်ကို ပြန်ရောက်တော့ အဲဂြိုဟ်ဆိုးကြီး ကျရောက်အောင် လုပ်မှာဘယ်သူလဲ၊ ဘာကြောင့်လဲဆိုတာကို ဘရု့စ်တစ်ယောက်လိုက်စုံစမ်းရင်း မြို့ကြီးရဲ့ အမှောင်ဖက်ခြမ်းက အကြောင်းကို သိလိုက်ရတဲ့အချိန်မှာတော့…. ဘယ်လို plot twist တွေနဲ့ တင်ဆက်သွားမလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှု့လိုက်ပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Animation, Fantasy, Horror Quality…. 1080p | 720p | 480p File size… 1.4GB | 542MB | 266MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron
| Provider | Resolution | File Size | |
|---|---|---|---|
| 1080P 5.1CH | 1.4GB | Download | |
| 1080P 5.1CH | 1.4GB | Download | |
| 1080P 5.1CH | 1.4GB | Download | |
| 1080P 5.1CH | 1.4GB | Download | |
| 1080P 5.1CH | 1.4GB | Download | |
| 720P | 542MB | Download | |
| 720P | 542MB | Download | |
| 720P | 542MB | Download | |
| 720P | 542MB | Download | |
| 720P | 542MB | Download | |
| 720P | 542MB | Download | |
| 480P | 266MB | Download | |
| 480P | 266MB | Download | |
| 480P | 266MB | Download | |
| 480P | 266MB | Download | |
| 480P | 266MB | Download | |
| 480P | 266MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director