
Bangkok Breaking: Heaven and Hell (2024) IMDb Rating (6.8 ) Weirနဲ့ Aom Sushar ရဲ့ နာမည်ကြီးဇာတ်လမ်းတွဲဖြစ်တဲ့ Bangkok Breaking ရဲ့ sequel ဖြစ်တဲ့ Bangkok Breaking: Heaven and Hell ထွက်ရှိလို့လာပါပြီ။ ဒီတစ်ခါမှာလည်း ကယ်ဆယ်ရေးသမားလေး ဝမ်ချိုင်တစ်ယောက် ဘယ်ဇာတ်ရှုပ်ထဲပါသွားဦးမလဲ ရှုစားကြပါဦး။ မထင်မှတ်ထားတဲ့ဖြစ်ရပ်တစ်ခုကြောင့် ကယ်ဆယ်ရေးအဖွဲ့ကနေ ကန်ထုတ်ခံလိုက်ရတဲ့ဝမ်ချိုင်တစ်ယောက် အရှုပ်မတွေ့ရမနေနိုင်ဆိုတဲ့အတိုင်းပဲ ကလေးမလေးတစ်ယောက်ကို ပြန်ပေးဆွဲတဲ့အမှုမှာ ပါဝင်ပတ်သက်မိပြန်တော့တာပေါ့။ ဒါပေမဲ့ ဒီကလေးမလေးက ဩဇာညောင်းတဲ့သူဌေးတစ်ယောက်ရဲ့သမီးဖြစ်နေပြီး သာမန်ပြန်ပေးမှုလေးမဟုတ်ဘဲ ဂိုဏ်းတွေရဲ့အရှုပ်အရှင်းတွေအပြင် အိမ်ရာစီမံကိန်းကြီးတစ်ခုနဲ့ အာဏာပြိုင်ဆိုင်မှုတွေပါဝင်ပတ်သက်နေတဲ့အခါ… အပြစ်ရှိတဲ့စိတ်တွေနဲ့ ရှင်သန်နေတဲ့ကယ်ဆယ်ရေးသမားလေးဝမ်ချိုင်နဲ့ သူနာပြုလက်သစ်လေးမယ်ဂျီတို့ အရှုပ်အထွေးတွေကြားက ကလေးမလေးကို ဘယ်လိုကယ်ဆယ်မလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mary Christ, Su Myat, Dao Phyo တို့မှ တင်ဆက်ထားပါတယ်။)