
Bait (2000) Genre – Action, Comedy, Crime IMDB – 5.7/10 ဒေါ်လာ သန်း ၄၀ ကျော် တန်ဖိုးရှိတဲ့ ရွှေတွေကို အစိုးရလက်ထဲကနေ ကွန်ပျုတာကျွမ်းကျင်သူနဲ့ ယန္တရားစက်ကျွမ်းကျင်သူ ဂျက်စတာတို့ ၂ ယောက် ပေါင်းပြီး ဖောက်ထွင်းခဲ့ကြတယ်။ ဒါပေမဲ့ ဂျက်စတာက လူမသတ်ရဘူး သေနတ်မပါရဘူး ပြောထားတာကို တစ်ဖက်လူက အစောင့်တွေကို သတ်လိုက်တော့ ဂျက်စတာတစ်ယောက် ရွှေတွေနဲ့ ကိုယ်လွတ်ရုန်းပြီး တစ်နေရာသွားဖွက်ကာ ထောင်ထဲဝင်နေလိုက်တယ်။ ဒီမှာ ကိုယ်တွေမင်းသား အယ်ဗင်က ဘာလဲဆိုတော့ ပုဇွန်သွားခိုးပြီး ဖမ်းခံလိုက်ရာကနေ ဒီ ဂျက်စတာနဲ့ အခန်းတူတူကျပါလေရော။ ဂျက်စတာက အဲဒီအချိန် နှလုံးသိပ်မကောင်းတော့ ရွှေရှိတဲ့နေရာကို အယ်ဗင့်ကို သူ့မိန်းမကို ပြောပေးပါဆိုပြီး တစ်ဆင့် မှာခိုင်းလိုက်ပါလေရော ပြီးတော့ တကယ်ပဲ အဲဒီမှာတင် သေသွားခဲ့တယ်။ ဒီမှာ အစိုးရဘဏ္ဍာမို့ အသေအလဲ ပြန်လိုချင်တဲ့ ဘဏ္ဍာရေးက ထောက်လှမ်းရေးမှူးရယ် အတူတူဖောက်ရာကနေ သစ္စာဖောက်ခံလိုက်ရလို့ ရွှေလိုချင်တဲ့ ကွန်ပျုတာသမားကျွမ်းကျင်သူ လူသတ်သမားက အယ်ဗင့်ကို ပစ်မှတ်ထားကြပါတော့တယ်။ ဒီမှာ ထောက်လှမ်းရေးမှူးက အကွက်မြင်တော့ ခြေရာခံစက်ကို အယ်ဗင်ရဲ့မေးရိုးအောက် သူမသိအောင်ထည့်ပေးပြီး ထောင်ကနေ ခပ်တည်တည်နဲ့ လွှတ်ပေးလိုက်တယ်၊ သူတို့အကြံကလည်း တစ်ဖက်က လူသတ်သမားကို အမှောင်ထဲကနေ ထွက်လာအောင် ငါးစာမျှားတဲ့သဘော။ ဆိုတော့ ထောက်လှမ်းရေးမှူးတို့ အယ်ဗင်ကနေတဆင့် လူဆိုးဖမ်းနိုင်မလား၊ လူဆိုးကလည်း ဘယ်လိုတွေ ပြန်ကစားပြီး အယ်ဗင့်ဆီက ရွှေတောင်းနိုင်မလား၊ အူကြောင်ကြောင်နဲ့ နှစ်ဖက်ကြားညှပ်သွားတဲ့ အယ်ဗင်တစ်ယောက် ဘ ယ်လိုတွေပေါက်ကရလုပ်ပြီး ဖြေရှင်းကြမလဲ ကြည့်ရှုရမယ့် အက်ရှင် ဟာသကားလေးပါ။ ဇာတ်ဆောင်နေရာကတော့ မင်းသားကြီး Jamie Foxx ပါဝင်သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ File size… 1.44 GB / 1.8 GB Quality… WEB Rip 1080p / 720p Format… mp4 Duration…. 1h 59m Genre ..... Action , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung