
Bad Boy (2023) “ဇိုးလေး” IMDb 7.7/10 Romance/Comedy ဒီတစ်ခေါက်တင်ဆက်ပေးသွားမယ့် ဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းမယ့် အချစ်ဟာသကားလေးပဲဖြစ်ပါတယ်။ Jagga Jasoos(2017)မှာ ရန်ဘီးရ်ရဲ့ မွေးစားအဖေနေရာက မင်းသားကြီး Saswata Chatterjeeနဲ့ ဂန္ဓဝင်ဟာသလူရွှင်တော်ကြီး Johnny Leverတို့ပါဝင်တင်ဆက်ထားပါတယ်။ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ရှင်သန်နေရတာကို တော်တော်များများမွန်းကြပ်တတ်ကြပေမယ့် ရှူဘန်ကာဘန်နာဂျီအတွက်တော့ မဟုတ်ခဲ့ပါဘူး။ နေ့စဉ်နေထိုင်မှုဘဝမှာရော အလုပ်မှာရော စည်းမျဉ်းတွေအတိုင်း တသွေမတိမ်းလိုက်နာနေထိုင်တဲ့သူပါ။ အရမ်းဇီဇာကြောင်တဲ့ အဖိုးကြီးဖြစ်ပြီး သူနေသလိုမျိုး မိသားစုကိုလည်း ဒီလိုပဲကျင့်သုံးစေပါတယ်။ သမီးဖြစ်သူ ရီတူးဟာလည်း ဒိတ်ဒိတ်ကြဲထိပ်တန်းကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့လက်ကိုင်ဆောင်ပုဒ်ကတော့ ” အဆင့်အတန်းမြင့်ရမယ် အရည်အချင်းရှိရမယ်” ဆိုတာပါပဲ။ တစ်ဖက်မှာလည်း ရာဂူးဆိုတဲ့ ငမွဲကောင်ဆိုးလေးကတော့ ဘဝကိုပျော်ပျော်နေပြီး ပေါ့ပေါ့လေးဖြတ်သန်းနေတဲ့သူပေါ့။မိသားစုကလည်း ပစ္စည်းအဟောင်းတွေ ပလုံကောက်တာတွေ ဝယ်ယူပြီး အသက်မွေးကြပါတယ်။ စာမေးပွဲကိုလည်း နှစ်စဉ်နှစ်တိုင်း တဖုန်းဖုန်းကျနေတဲ့ ရာဂူးတစ်ယောက် တစ်နေ့မှာတော့ ရီတူးကိုမြင်ပြီး ချစ်မိသွားပါတော့တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ အရာရာဆန့်ကျင်ဘက်ဖြစ်နေတဲ့အတွက် ရာဂူးတစ်ယောက် အခက်တွေ့ပါတော့တယ်။ သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို ရိုမန့်တစ်ဆန်ဆန် ဟာသလေးတွေနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM BOLLYWOOD TEAMပဲဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.4GB | Download | |
| 1080p | 2.4GB | Download | |
| 1080p | 2.4GB | Download | |
| 1080p | 2.4GB | Download | |
| 720p | 1.04GB | Download | |
| 720p | 1.04GB | Download | |
| 720p | 1.04GB | Download | |
| 720p | 1.04GB | Download | |
| 720p | 1.04GB | Download | |
| 720p | 1.04GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.7 / 10
Director