
ဒီတစ်ခါတော့ ဗီယက်နမ်အက်ရှင်ဇာတ်ကားကောင်းတစ်ကားကိုကြည့်ရဦးမှာပါ….။ ဗီယက်နမ်မင်းသား Kieu Minh Tuanဟာ အက်ရှင်ကားတွေရိုက်နေကျ မင်းသားမို့ မာန်ပါပါအက်ရှင်ခန်းတွေမြင်တွေ့ရဦးမှာပါ…။ ဇာတ်လမ်းအကျဥ်းလေးကတော့ လမ်ဟာ နာမည်ကျော်လူဆိုးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့မိသားစုတစ်စုလုံး ပြိုင်ဘက်မာဖီးယားဂိုဏ်းကသတ်ဖြတ်တာကိုခံလိုက်ရတာပါ….။ မိသားစုအတွက် ဒေါသပုန်ထနေတဲ့ လမ်ဟာ ပြိုင်ဘက်ဂိုဏ်းတစ်ခုလုံးကို အများနဲ့တစ်ယောက် တိုက်ခိုက်သတ်ဖြတ်ချေမှုန်းခဲ့ပြီး အာဏာပိုင်တွေ လက်ကလွတ်အောင်ထွက်ပြေးခဲ့ရပါတယ်… အဲ့ဒီနောက်မှာတော့ ရာဇဝတ်မှုတွေက အနားယူပြီး အေးအေးလူလူဇာတ်မြှုပ်နေဖို့ သာစိတ်ကူးခဲ့ပါတော့တယ်…. ဘာလို့ဆို သူပိုပြီးသတ်ဖြတ်လေလေ သူ့ဘေးက ချစ်ရတဲ့လူတွေ ပိုပြီးသေဆုံးလေလေမလို့ပါ…။ ဒီလိုနဲ့ လမ်ဟာ လူမိုက်ကြီးဘဝကနေအနားယူကာ တောက်တိုမယ်ရ အလုပ်ကြမ်းသမားဘဝကိုကူးပြောင်းခဲ့ပြီး… လူမသိသူမသိကျုးရပ်ကွက်လေးမှာပဲ ဇနီးအသစ်လေးရယ်၊ သမီးလေးရယ်နဲ့ ဘဝအသစ်ကို ခြစ်ခြစ်ကုတ်ကုတ်သာနေထိုင်ခဲ့ရှာပါတယ်… ဒါပေမဲ့ ကံကြမ္မာက သူ့ကိုမျက်နှာသာမပေးခဲ့ပါဘူး…။ ဘဝကိုဒီလိုဇာတ်မြှုပ်နေခဲ့ရင်းက သူသိပ်ချစ်ရတဲ့သမီးလေးကို လူဆိုးဂိုဏ်းတစ်ခုက ဖမ်းခေါ်သွားတဲ့အခါမှာတော့… လူမိုက်ဟောင်းကြီးတစ်ယောက်ရဲ့ သမီးပျောက်ရှာပုံတော်ဇာတ်လမ်းလေးကို အက်ရှင်ခန်းတွေ၊ဒရမ်မာခန်းတွေနဲ့မြင်တွေ့ရမယ့်ကားလေးပါပဲ…။ File size…1.56GB / 780MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Drama , Action , Family , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
| Provider | Resolution | File Size | |
|---|---|---|---|
| 1080P | 1.56GB | Download | |
| 1080P | 1.56GB | Download | |
| 1080P | 1.56GB | Download | |
| 1080P | 1.56GB | Download | |
| 1080P | 1.56GB | Download | |
| 720P | 780MB | Download | |
| 720P | 780MB | Download | |
| 720P | 780MB | Download | |
| 720P | 780MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.1 / 10
Director