
ယခု တင်ဆက်ပေးမှာကတော့ အမေရိကန် ဟာသဇာတ်မြူး ရုပ်ရှင်ကားလေးဖြစ်ပါတယ်။ Spider Man ဇာတ်လမ်းမှာ Mary Jane အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Kristen Dunst ၊ Now You See Me ဇာတ်ကားထဲက မင်းသမီးတွေဖြစ်တဲ့ Isla Fisher နဲ့ Lizzy Caplan ၊ Pitch Perfect ထဲကအချစ်တော်ကြီးဖြစ်တဲ့ Rebel Wilson တို့လိုနာမည်ကြီးမင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းသွားကတော့ နာမည်ကြီးဟာသဇာတ်လမ်း Hang Over နဲ့ခပ်ဆင်ဆင်တူပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ပြောရရင် ရီဂန်(Kristen Dunst) ၊ ဂျန်နာ (Lizzy Caplan) နဲ့ ကေတီ ( Isla Fisher) တို့က ငယ်သူငယ်ချင်းဖြစ်သူ ဘက်ကီ( Rebel Wilson ) ရဲ့ မင်္ဂလာပွဲမှာ သတို့သမီးအရံအဖြစ်လုပ်ပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ မင်္ဂလာပွဲမတိုင်ခင်ည ပါတီမှာ သုံးယောက်သား သောင်းကျန်းလွန်ရင်းသတို့သမီးရဲ့ မင်္ဂလာဝတ်စုံပြဲသွားပါတယ်။ ဒီတော့ ညတွင်းချင်း ဝတ်စုံအသစ်ပြန်စီစဉ်ဖို့ လုပ်ရပါတော့တယ်။ သူတို့ရဲ့ ဒီမစ်ရှင် ဟာ ကောင်းကောင်းမွန်မွန်ပြီးသွားမလား၊ ဘယ်လိုကမောက်ကမတွေဖြစ်မလဲ ဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါအုံးခင်ဗျာ။ File size…(1.3 GB)/(660 MB)/(380 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:27:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM