
ဇာတ်လမ်းကတော့ အမွှာကလေးနှစ်ယောက်ဖြစ်တဲ့ ဆလိုင် နဲ့ ဝစ် (Leo, Gary နဲ့ Myles Fitzgerald) တို့ကို သိပ္ပံစမ်းသပ်မှုတစ်ခုအတွက် ရည်ရွယ်ပြီးမွေးဖွားခဲ့တာပါ။ ဆလိုင်ကို ဒေါက်တာအယ်လီနာကင်ဒါ(Kathleen Turner)က ယူထားပြီး ဝစ်ကိုတော့ ဒန် (Peter MacNicol) နဲ့ ရော်ဘင် (Kim Cattrall)တို့က မွေးစားထားခဲ့ပါတယ်။ တစ်သက်လုံး စမ်းသပ်မှုတွေအောက်မှာ ကြီးပြင်းလာခဲ့ရတဲ့ ဆလိုင်ဟာ အကြိမ်ကြိမ်ထွက်ပြေးဖို့ကြိုးစားခဲ့ပြီး နောက်ဆုံးတစ်ကြိမ်မှာတော့ လွတ်မြောက်သွားခဲ့ပါတယ်။ ဒါကို ပြန်လိုက်ဖမ်းတဲ့လူတွေက ဝစ်ကို လူမှားဖမ်းခေါ်သွားတဲ့အခါ အရင်ကမသိရသေးတဲ့လျှို့ဝှက်ချက်တွေ ပေါ်ပေါက်လာပါတယ်။ ဒီဇာတ်လမ်းဟာ Box office မှာ အတော်လေးအောင်ပွဲခံခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ Sequel ဖြစ်တဲ့ Superbabies: Baby Geniuses 2 ထပ်ထွက်လာခဲ့ပေမယ့် သရုပ်ဆောင်မှုများ၊ ဟာသ၊ အထူးပြုလုပ်ချက်များ၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာတို့ ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရပါတယ်။ ဒီဇာတ်ကားမှာ တစ်ခုတည်းသော အမှတ်ပေးစရာကတော့ ဒီရုပ်ရှင်ဟာ လူသားတွေရဲ့ မြင်နိုင်တဲ့ပြောပုံဆိုပုံကို ကွန်ပျူတာနဲ့ ဖန်တီးထားတဲ့ ပထမဆုံး ဇာတ်လမ်းအရှည် ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ပါတယ်။ ပါးစပ်ပိတ်ထားလျက် ရိုက်ကူးခဲ့တဲ့ ကလေးငယ်တွေရဲ့ ပါးစပ်လှုပ်ရှားပုံ (viseme shapes) တွေကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ လှုပ်ရှားစေဖို့ နှစ်ဖက်မြင်အလွှာထပ်နည်းပညာတွေကို အသုံးပြုခဲ့ပါတယ်။ ခုခေတ်မှာ အရမ်းမထူးခြားတော့ပေမယ့် တစ်ခေတ်တစ်ခါကတော့ အင်မတန်အဆင့်မြင့်တဲ့နည်းပညာဖြစ်ပါတယ်။ Home Alone အငွေ့အသက်တွေလည်း မြင်ရမှာပါ။ ရထားတဲ့ဆုတွေကတော့ အားရှိစရာပါပဲ။ အဆိုးဝါးဆုံး ဒါရိုက်တာဆု (ဘေးကမှတ်ချက်ကတော့ သူ့ကိုနောင်အခါ ဘယ်တော့မှဒါရိုက်တာပေးမလုပ်ပါနဲ့တော့ တဲ့) နဲ့ အဆိုးဝါးဆုံး အထူးပြုလုပ်ချက်တွေပါတဲ့။ Nomination တွေကလည်း ထူးမခြားနားတွေပါပဲ။ ကောင်းသလား၊ ဂွမ်းသလားကတော့ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်လိုက်ပါ။ ဒါရိုက်တာကတော့ Bob Clark ဖြစ်ပါတယ်။ အညွှန်းနှင့်ဘာသာပြန် Thompson ဖြစ်ပါတယ်။ File size… (1.6 GB) / (968 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Science Fiction, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thompson
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.6 GB | Download | |
| 1080p | 1.6 GB | Download | |
| 1080p | 1.6 GB | Download | |
| 720p | 968 MB | Download | |
| 720p | 968 MB | Download | |
| 720p | 968 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director