
2017 ရဲ့ အလန်းဆုံး ရေပန်းအစားဆုံး Action Thriller Comedy Crime Music ဇာတ်ကားလေး လာပါပြီ။ နိုင်ငံတကာရုပ်ရှင် ဝေဖန်သူတွေကြားမှာလည်း နာမည်ကောင်းရထားပြီး ပရိသတ်အများအပြား ချီးမွမ်းနေကြတဲ့ဇာတ်ကားလေးပါ။ Rating အနေနဲ့လည်းIMDb Rating …7.6 Rotten Tomatoes Rating…. 93% အထိ ရထားပြီး Box offices မှာလည်း ရင်းနှီးမြုပ်နှံငွေ USD 34 million သာရှိခဲ့ပေမယ့် အမြတ်ငွေ USD 213.7 million ရတဲ့အထိကို အောင်မြင်ခဲ့ပါတယ်။ Baby Driver အောင်မြင်ရခြင်းကလည်း Computer Generated Image (CGI) effect တွေနဲ့ ဇာတ်ကားအများအပြားကြားမှာ CGI effect အနည်းဆုံးနဲ့ တကယ့် စတန့်သမားတွေနဲ့ အပီပြင်ဆုံး ရိုက်ကူးထားနိုင်လို့ပါပဲ။ ဒီဇာတ်ကားကို ဒါရိုက်တာ Edgar Wright ကိုယ်တိုင် ဇာတ်လမ်းရေးသားပြီး ကိုယ်တိုင်ဒါရိုက်တာလုပ် ရိုက်ကူးခဲ့တာပါ။ Music အမျိုးအစားကားဖြစ်လို့လည်း ဇာတ်ဝင်တေးပေါင်း ၃၀ တိတိနဲ့ အသုံးပြုထားပြီး အမြဲတန်းလိုလို သီချင်းသံလေးတွေ ကြားနေရမှာပါ။ ( သီချင်းတွေများလွန်းလို့ထင်တယ် မင်းသမီးအတွက် အသုံးပြုထားတဲ့ T.rex သီဆိုထားတဲ့ Debora ဆိုတဲ့သီချင်းကို CopyRight ခွင့်မတောင်းမိလို့ ထုတ်လုပ်တဲ့ Sony ကုမ္ပဏီက တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်) ဆုတွေအနေနဲ့လည်း Golden Trailer Award 2017 မှာ Best Action ဇာတ်ကားဆု၊ International Online Cinema Awards 2017 မှာ Best Editing ဆု Best Song Mixingဆု Best Song Editing ဆု SXSW Flim Festival 2017 မှာ ဒါရိုက်တာ Edgar Wright က Headliner ဆုတွေရခဲ့ပါတယ်။ ဒါ့အပြင် ငယ်ငယ်ကတည်းက ကားအက်ဆီးဒင့်ဖြစ်ပြီး စိတ်ဒဏ်ရာရှိထားတဲ့ သီချင်းတွေကို ရူးသွပ်တဲ့ ကောင်လေးနေရာကနေ ပီပီမြင်မြင်သရုပ်ဆောင်သွားတဲ့ မင်းသားလေး Ansel Egort လည်း Cinemacon က ချီးမြှင့်တဲ့ Male Star of Tomorrow award ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးထားပြီးပါပြီ။ ဇာတ်လမ်းကိုတော့ မပြောပြတော့ပါဘူး ပထမတစ်ခန်းထဲနဲ့ကို ပရိသတ်ကို ဆွဲယူခေါ်ဆောင်သွားမယ့် စောင့်ရကျိုးနပ်တဲ့ ဇာတ်ကားလေးပါပဲ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က Little Twinlay ပါ) File Size : (897 MB) Quality : 720pwebdl Running Time : 1hr 52min Format : Mp4 Genre : Action, Crime, Music Subtitle : Myanmar Subtitle (Hard Sub) Translated by Little twinlay Encode by Moe Myint Lwin
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |