
Asthram (2025) “အဆုံးစီရင်မှုများရဲ့နောက်ကွယ်…” ထူးခြားဆန်းကြယ်ကိစ္စတွေကို စိတ်၀င်စားတဲ့ ပရိသတ်ကြီးအတွက် လျှို့ဝှက်ဆန်းကြယ်မှုတွေအပြည့်နဲ့ တမီလ်စကားပြော သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အင်စပက်တာအာကီလန်ဟာ လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုအကြောင်း စုံစမ်းရင်းနဲ့ ထူးခြားချက်တွေ တွေ့ရှိခဲ့ရပါတယ်။ ပထမဆုံးအချက်ကတော့တော့ အဲဒီလို သမားရိုးကျမဟုတ်တဲ့ အဆုံးစီရင်မှုမျိုးတွေဟာ နေရာအနှံ့အပြားမှာ တစ်ပုံစံတည်းဖြစ်ခဲ့ကြတာပါ။ နေရာနဲ့အချိန်သာ ကွဲပြားပေမဲ့ လုပ်နည်းလုပ်ဟန်ချင်း အတူတူပါပဲ။ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုတွေ ဖြစ်တာကြောင့် ဘယ်သူကမှ သေချာမစစ်ဆေးခဲ့ပေမဲ့ အာကီလန်ကတော့ အမှုရဲ့ထူးခြားဆန်းကြယ်မှုတွေကြောင့် ရေဆုံးမြေဆုံး စုံစမ်းဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ ဆက်တိုက်ဖြစ်နေတဲ့ အဆုံးစီရင်မှုတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေရှိနေမလဲ၊ အဲဒီအဆုံးစီရင်မှုတွေဟာ သမားရိုးကျဖြစ်ရပ်လား၊ ကျိန်စာလိုလို သဘာ၀လွန်ဖြစ်ရပ်တွေနဲ့ ပတ်သက်နေမှာလား၊ အာကီလန်ကရော အမှုလိုက်ရင်း ဘယ်လိုအန္တရာယ်တွေရင်ဆိုင်ရမလဲဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~Alex~KKKZ~ZweYan~Star တို့ ဖြစ်ပါတယ်။)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.2 GB | Download | |
| 1080p | 1.2 GB | Download | |
| 1080p | 1.2 GB | Download | |
| 720p | 600 MB | Download | |
| 720p | 600 MB | Download | |
| 720p | 600 MB | Download | |
| 720p | 600 MB | Download | |
| 720p | 600 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.0 / 10
Director