
Abandon All Hopes, Ye who Enter Here ဒီတစ်ခါတင်ဆက်ပေးသွားမှာကတော့ Adventure/ Horror ဇာတ်လမ်းကောင်းလေး တစ်ကားဖြစ်ပါတယ်။ ရှေးဟောင်းခေတ်က သူတွေဟာ ထာဝရအသက်ရှင်ခြင်းကို အင်မတန်မှ လိုလားကြပါတယ်။ ဒါဟာ အခုခေတ်ကျွန်တော်တို့တွေလည်း ဘဝမှာ အနည်းဆုံးတစ်ခါတော့ စိတ်ကူးယဉ်ဖူးကြမှာပါ။ မှော်ပညာတွေ အက္ခရိတ်ပညာတွေရဲ့ နောက်ဆုံးပန်းတိုင်ဟာလည်း ထာဝရအသက်ရှင်ခြင်းပါပဲ။ ဒီလို ထာဝရရှင်သန်ခြင်းကို အက္ခရိတ်ပညာနဲ့ ရရှိခဲ့တဲ့ သူရှိတယ်ဆိုတဲ့ ဒဏ္ဍာရီတစ်ခုရှိပါတယ် အဲဒါကတော့ Nicolas Flamel ပါ သူဟာ ၁၄၁၈ ခုနှစ်မှာ သေဆုံးသွားပေမဲ့ သူဖန်တီးခဲ့တဲ့ Philosopher Stone ဟာ ထာဝရအသက်ရှင်ခြင်း ဒါမှမဟုတ် မီးတိုင်တစ်တိုင်ကို ထာဝရလင်းနေစေနိုင်တဲ့ အနှိုင်းမဲ့ စွမ်းအင်တွေ ပေးနိုင်တယ်လို့ ယခုအချိန်ထိ ယုံကြည်နေကြသူတွေ ရှိပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ စကားလတ်ဆိုတဲ့ ရှေးဟောင်းသုသေသနပညာရှင်တစ်ယောက်က သူ့အဖေရဲ့ မပြီးဆုံးခဲ့တဲ့ ဒီ Philosopher Stone ကို ရှာနေခဲ့ပါတယ် ဒီလိုရှာဖွေနေရင် သဲလွန်စ ရလာခဲ့တဲ့ အချိန်မှာတော့ ပဲရစ်မှာရှိတဲ့ Nicolas Flamel ရဲ့ အုတ်ဂူနဲ့ ကျောက်စာက ဝှက်ထားတဲ့ စာတွေကိုဖော်ဖို့ဖြစ်လာပါတယ် ဒါပေမဲ့ ဒီရှေးဟောင်းစာပေကို မဖတ်နိုင်တဲ့အတွက် စကားလတ်ရဲ့ မိတ်ဆွေဟောင်း ဂျော့ဂျ်ကိုသွားခေါ်ပြီး ပဲရစ်မြို့ရဲ့ မြေအေက်သင်္ချိုင်း catacomb တွေထဲမှာ ရှာပုံတော်ထွက်လာခဲ့ပါတယ်။ စကားလတ်တို့ philosopher stone ကိုရှာတွေ့သွားမှာလား လမ်းမှာရော ဘယ်လို အန္တရာယ်တွေနဲ့ ကြုံတွေ့သွားရမလဲ ဆိုတာကို ဒီမြေအောက်သင်္ချိုင်းတွေထဲမှာ လိုက်ပါကြည့်ရှုရမှာပါ ဒီဇာတ်လမ်းဟာ Horror ဆိုပေမဲ့ Jump Scare တွေကို လိုအပ်သလောက်ပဲ သုံးထားပြီး ဇာတ်ကောင်တွေရဲ့ ကိုယ်ပေါ်က ကင်မရာရိုက်ချက်တွေနဲ့ ဖြစ်တာကြောင့် တစ်ကားလုံးမှာ ကိုယ်တိုင် ပါဝင်လိုက်ပါနေရသလို ခြောက်ခြားမှုခံစားချက်အပြည့်ရမှာပါ။ Mad Men သရုပ်ဆောင် Ben Feldman ၊ The Purge: Anarchy သရုပ်ဆောင် Edwin Hodge နဲ့ The Invisible Woman က မင်းသမီး Perdita Weeks တို့ ပါဝင်ထားကြတာမလို့ တကယ်ကို ကြည့်ရတာ တန်မှာပါ The Only Way Out is Down File Size : 2.1 GB, 1 GB Quality : WEB-DL 1080p / 720p Running Time : 1hr 33min Format : Mp4 Genre : Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Zin Sann Oo Encode by : Thit San Khant
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.1 GB | Download | |
| 1080p | 2.1 GB | Download | |
| 1080p | 2.1 GB | Download | |
| 1080p | 2.1 GB | Download | |
| 1080p | 2.1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.2 / 10
Director