
Are You Ok Baby? (2023) မေမေ့ကလေးငယ် ယခုတစ်ခေါက်မှာတော့ IMDb Rating 9/10 ရရှိထားတဲ့ မိသားစုဒရမ်မာဇာတ်လမ်းလေးတစ်ပုဒ်ကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အချစ်တွေအမျိုးမျိုးရှိတဲ့ကြားက မိခင်တစ်ယောက်က သူ့ကလေးအပေါ်မှာထားရှိတဲ့မေတ္တာတရားကတော့ ကြားဝင်နှောင့်ယှက်လို့မရတဲ့အရာတစ်ခုပါ။ ဒီလိုမျိုးပဲ ယနေ့ခေတ်မှာဆိုရင် ဆိုရှယ်မီဒီယာတွေပေါ်ပေါက်လာပြီး လူထုကြား ရုန်းရင်းဆန်ခတ်မှုတွေ ဖန်တီးစေပြီး ဆက်ဆံရေးတွေကြား ပြဿနာတွေကြား ကြားဝင်နှောင့်ယှက်တတ်တဲ့အရာတစ်ခုကတော့ ဆိုရှယ်မီဒီယာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ အချစ်ကို မှားယွင်းစွာနဲ့ ကိုးကွယ်ခဲ့မိတဲ့ မိန်းကလေးတစ်ယောက်က ယောက်ျားကလည်းရှာမကျွေး၊ ကိုယ့်ကိုမှီခိုနေရတဲ့ အမေနဲ့ညီမလေးကလည်းရှိနေတော့ မမွေးဖွားရသေးတဲ့ဗိုက်ထဲက အချစ်စုဘူးကို မွေးစားခိုင်းဖို့အတွက် လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးထားရတဲ့ကလေးအပေါ်မှာ မစွန့်လွှတ်နိုင်တဲ့ မိခင်ဖြစ်သူရဲ့ မေတ္တာတရားလေးက ယှဉ်တွဲလာတဲ့အခါ …. ကိစ္စတစ်ခုခုကိုဆို မကြီးကြီးအောင် ပုံကြီးချဲ့တတ်တဲ့ ဆိုရှယ်မီဒီယာသမားတွေကတော့ ဒီလိုကိစ္စမျိုးတွေကို ပုံပြပြီး လူထု attention ရှာလို့ရအောင် ဒီကောင်မလေးဆီကို ချန်နယ်ပေါင်းစုံကနေ ဆက်သွယ်လာပါတယ်။ ဒီလိုကနေ ဥပဒေကိစ္စတွေနဲ့ ရောထွေးလာပြီး ပြဿနာတွေက ပိုကြီးလာတဲ့အခါ မူလဦးတည်ချက်ဖြစ်တဲ့ ကလေးငယ်စောင့်ရှောက်ခွင့်ကိုရော ပြန်ရနိုင်ပါ့မလား ….မီဒီယာသမားတွေကရော ဘယ်လိုနည်းလမ်းပေါင်းစုံနဲ့ ဝင်မွှေကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုအားပေးကြပါဦးရှင် ဒီဇာတ်လမ်းလေးကိုတော့ Dee~ Yoon~ Alex~ ToMo ~ BpL မှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.8GB | Download | |
| 1080p | 1.8GB | Download | |
| 1080p | 1.8GB | Download | |
| 1080p | 1.8GB | Download | |
| 720p | 800MB | Download | |
| 720p | 800MB | Download | |
| 720p | 800MB | Download | |
| 720p | 800MB | Download | |
| 720p | 800MB | Download | |
| 720p | 800MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.8 / 10
Director