
Apocalypse Evil ဆိုတဲ့ Horror,Thriller ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ အယ်လီနာတို့ မိသားစုလေးက အဖေ အမေ သမီးတစ်ယောက်နဲ့ အရမ်းပျော်ရွှင်ရတဲ့ မိသားစုလေးဖြစ်ပြီး အပန်းဖြေခရီးတွေလည်း မကြာခဏအတူတူထွက်ဖြစ်ကြပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူတို့မိသားစုကို ကံကြမ္မာဆိုးကြီးတစ်ခုက ဝင်ရောက်လာပြီး အဖေဖြစ်သူသေဆုံးသွားပါတော့တယ်။ ဒီလိုနဲ့ အမေဖြစ်သူ အယ်လီနာနဲ့ သမီးဖြစ်သူစီလီယာတို့ နှစ်ယောက်တည်း အကြွေးတွေဗလပွနဲ့ ကျန်ခဲ့ပါတော့တယ်။ဒါပေမယ့်လည်း အယ်လီနာက အလုပ်ကြိုးစားပြီး သမီးလေးမျက်နှာမငယ်အောင် ကြိုးစားပေးခဲ့ပါတယ်။တစ်နေ့မှာတော့ သူငယ်ချင်းတွေနဲ့ အတူအပြင်ထွက်ပြီးပျော်ပါးဖို့သမီးဆီမှာ ခွင့်တောင်းပြီး အယ်လီနာ အိမ်ကထွက်လာခဲ့ပါတယ်။စီလီယာ အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့တဲ့ အချိန်ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုမျိုး သမီးဖြစ်သူကပါ မတော်တဆဖြစ်ပြီး ဆုံးသွားပါတော့တယ်။အိမ်ပြန်ရောက်လို့ စီလီယာသေဆုံး နေတာကိုတွေ့လိုက်ရတဲ့အခါ သူ့ယောက်ျားရဲ့ အလုပ်ကလူသေတွေကို အသက် ပြန်သွင်းနိုင်တဲ့ နည်းလမ်းကိုသိသွားပြီး စီလီယာ့ကို အသက်ပြန်ရှင်အောင် လုပ်ပေးခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီလိုအသက်ပြန်ရှင်အောင် လုပ်ပေးတဲ့နည်းမှာ ဘေးထွက်ဆိုးကျိုးတွေရှိနေတဲ့အခါမှာတော့ ဘယ်လိုမျိုးကြောက်မက်ဖွယ်ရာတွေနဲ့ ကြုံတွေ့လာရမလဲ ဆိုတာကိုတော့ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါတော့ဗျ။ File size…761MB / 359MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 9m Genre ….. Horror,Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay