
ဒီနှစ်ထဲထွက်ထားတဲ့ ပေါက်တတ်ကရ အခွီ ဟာသရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဟာသကားက လူရွှင်တော်တွေအကြောင်းကို ရိုက်ထားတာပါ။ ဘိုဘိုက လူရွှင်တော်အလုပ်နဲ့ အသက်မွေးနေသူ အသုံးသိပ်မကျတဲ့ လူရွှင်တော် အရှုံးသမားတစ်ယောက်ပါ။ ဂျန်နီမလုံးကတော့ ဘိုဘိုနဲ့ အရင်ကဇာတ်လမ်းလေးတွေ ရှိခဲ့ဖူးတဲ့ mommy issues တွေတပုံတပင်နဲ့ ဂျာနယ်လစ်တစ်ယောက်ပါ။ တစ်ရက်မှာတော့ လူရွှင်တော်တွေရဲ့ ဖခင် လူရွှင်တော်သခင်ကြီး ယောင်ဒီကော့ခ် ရုတ်တရက်ဆုံးပါးသွားတဲ့အတွက်ကြောင့် ဘိုဘိုနဲ့ ဂျာနယ်လစ် ဂျန်နီအပါအ၀င် ရပ်နီးရပ်ဝေးကလူရွှင်တွေပါ ယောင်ဒီကော့ခ်ရဲ့ အသုဘကို ရောက်လာကြပါတယ်။ ဒီလိုနဲ့ အသုဘအပြီးမှာတော့ ရုတ်တရက် လျှပ်စစ် အင်တာနက် ဖုန်းလိုင်းတွေပါ အကုန်ပြတ်တောက်သွားတဲ့နောက်မှာတော့ ဘိုဘိုတို့ လူရွှင်တော်တစ်သိုက်ဟာ ဘာဖြစ်လို့ဖြစ်နေမှန်းမသိဘဲ စမ်းတဝါးဝါးနဲ့ စွန့်စားခန်းခရီးရှည်ကြီးကိုဆက်ကြရပါတော့တယ်။ နောက်ထပ်ပါ၀င်လာမယ့် အခွီဇာတ်ကောင်တွေကိုတော့ ရုပ်ရှင်ထဲရောက်မှပဲ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦး။ပေါက်ကရ ဟာသကားဆိုပေမဲ့ ဇာတ်လမ်းဇာတ်ကွက်ကတော့ လက်ခံနိုင်စရာရှိတာမလို့ ပေါ့ပေါ့ပါးပါးနဲ့ စခွီထရင်း အပန်းဖြေချင်တဲ့သူတွေအတွက်ကတော့ ကြည့်ရှုဖို့သင့်တဲ့ ဟာသရုပ်ရှင်လေးတစ်ခုပဲဖြစ်ပါတယ်။ (ရုန့်ရင်းကြမ်းတမ်းတဲ့ရိုက်ကွက်တွေ ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေပါ၀င်တာကြောင့် မိသားစုနဲ့အတူကြည့်ရှုဖို့ မသင့်ပါကြောင်း) File size…(1.7 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre…Comedy, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.7GB | Download | |
| 1080p | 1.7GB | Download | |
| 1080p | 1.7GB | Download | |
| 1080p | 1.7GB | Download | |
| 720p | 1GB | Download | |
| 720p | 1GB | Download | |
| 720p | 1GB | Download | |
| 720p | 1GB | Download | |
| 720p | 1GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director