
Angry Indian Goddesses (2015) စိတ်မာန်ဒေါသနှင့် နတ်မိမယ် IMDb 6.9/10 မှုခင်း ဒရမ်မာကိုမှ ဟာသပါးပါးလေးပါဝင်တဲ့ ဟင်ဒီစကားပြောရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဖက်ရှင် ဓာတ်ပုံဆရာမလေး ဖရီဒါဟာ အိန္ဒိယအနှံ့က သူ့သူငယ်ချင်းတွေကို ခရီးတိုလေးထွက်ပါမယ်ဆိုပြီး ဂိုအာက သူ့အိမ်လေးကို ဖိတ်ခေါ်လိုက်ပါတယ်။ သူ့သူငယ်ချင်းတွေက နယ်ပယ်စုံကပါပဲ။ ဘောလိဝုဒ်အဆိုတော်လေး မတ်၊ ဆုဖလားရ ထားတဲ့သူရဲ့ဇနီး ပမ်မလာ၊ စီးပွားရေးသမားလေး ဆူရန်ဂျာနာ၊ မင်းသမီးဖြစ်ဖို့ ကြိုးစားနေတဲ့ ဂျိုအာနာ၊ နိုင်ငံရေးသမား နာဂစ်တို့ပါ။ ဂိုအာကသူ့အိမ်ရောက်မှသာ သူမင်္ဂလာဆောင်တော့မှာမို့ သူတို့ကို ခေါ်လိုက်ရကြောင်း ဖရီဒါကကြေညာလိုက်ပါတယ်။ မင်္ဂလာဆောင်မတိုင်ခင် လုပ်လေ့ရှိတဲ့ ထုံးစံအတိုင်း လူပျို အပျိုပါတီကျင်းပဖို့ စီစဉ်ကြပါတော့တယ်။ သူတို့သူငယ်ချင်း အုပ်စုကတော့ ကမ်းခြေကို တစ်ပတ်ခရီးထွက်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတာပါ။ ဒီမှာ မူမမှန်နေတာတစ်ခုကတော့ ဖရီဒါက သူမင်္ဂလာဆောင်မှာ ဘယ်သူပါဆိုတာ ထုတ်မပြောတာပါပဲ။ ဒီလိုနဲ့ ခရီးသွားရင်းမှ မိန်းကလေးသူငယ်ချင်းအုပ်စုဟာ လျှို့ဝှက်ချက်တွေ ပြဿနာတွေ ပျော်စရာတွေ မျှဝေရင်း မထင်မှတ်တာတွေ ကြုံတွေ့လာတဲ့ အခါမှာတော့……………………… ဖရီဒါက သူ့ကောင်လေးကို လျှို့ဝှက်ထားရတဲ့ အကြောင်းရင်းနဲ့ သူ့သူငယ်ချင်းတွေရဲ့ဘဝဇာတ်ကြောင်းအဖုံဖုံကို သူတို့ရဲ့ သူငယ်ချင်းသံယောဇဉ်လေးတွေနဲ့ လွမ်းမောဖွယ် တင်ဆက်ထားတာမို့ ကြည့်ရှုအားပေး ခံစားကြည့်ကြရအောင်ပါ။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2 GB | Download | |
| 720p | 980 MB | Download | |
| 720p | 980 MB | Download | |
| 720p | 980 MB | Download | |
| 720p | 980 MB | Download | |
| 720p | 980 MB | Download | |
| 720p | 980 MB | Download |