
Anastasia (1997) ============= IMDb Rating – 7.1/10 20th Century Studios ရဲ့ လက်ရာတဖြစ်လည်း ရုရှားမင်းသမီးအန်နာ စတေးရှားရဲ့ သမိုင်းဝင်ဖြစ်ရပ်မှန်ကို ပြန်လည်သရုပ်ဖော်ထားတဲ့ Animation ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ Animated movie တစ်ပုဒ်အနေနဲ့ IMDb 7.1 အထိ ရထားတယ်ဆိုကတည်းက ခေသူလက်ရာတော့မဟုတ်လှ ပါဘူး။ ၂၀ရာစုအစောပိုင်း ဥရောပတိုက်ရဲ့ ယဉ်ကျေးမှုတွေအပါအဝင် Russia နဲ့ France၊ Moscow နဲ့ Paris ကြားက ပထဝီဝင်ဆိုင်ရာ ဆက်နွယ်နေမှုတွေကို လှပစွာသရုပ်ဖော်ရိုက်ကူးထားတဲ့ Musical/ Adventure ရုပ်ရှင်အမျိုးအစား လေးပါ။ ရုရှားတော်လှန်ရေးကာလမှာ တော်ဝင်မျိုးနွယ်အများအပြား သွေးချောင်းစီးခဲ့ စဉ်က ထွက်ပြေးလွတ်မြောက်လာနိုင်သူရယ်လို့ ကောလဟာလနဲ့ နာမည်ကျော်တဲ့ မြို့စားမင်းသမီး Anastasia Nikolaevna ရဲ့ ဘဝစွန့်စားခန်းကို Bluth၊ Fox နဲ့ 20th Century Studios တို့က တစ်ဖန်ပြန်လည်စိတ်ကူးပုံဖော်ထားပြီး အကယ် ဒမီဆုပေါင်းများစွာအတွက် ဆန်ကာတင်နိုင်ခဲ့ကာ ဝင်ငွေသန်း ၁၄၀ ကျော်အထိ ရရှိခဲ့တာပဲဖြစ်ပါတယ်။ ” စပ်စပ်စုစုမေးတယ်လို့တော့ ထင်လိမ့်မယ် ဒါပေမယ့် နန်းတော်ဝင်စီးခံရတုန်းက ဘယ်လိုလွတ်လာခဲ့တာလဲ ” ၊ ” လက်ဖက်ရည်ကို ဘယ်လိုလေးမှကြိုက်တတ်လဲ ” …. ဒီမေးခွန်းတွေကို မှန်အောင်ဖြေနိုင်ဖို့ ကြိုးစားကြတဲ့ မိန်းကလေးတွေ ဒုနဲ့ဒေးပေါ့။ နန်းတော်ကြီးတစ်ခုလုံး အမဲဖျက်ခံခဲ့ရတဲ့ညမှာ ထွက်ပြေးလွတ်မြောက်သွားသူ နှစ်ဦးပဲရှိပါတယ်။ ဘွားတော်ဘုရင်မကြီးဟာ အတူထွက်ပြေးလာပြီး ခရီးဆုံးအထိ အတူမလိုက်နိုင်ခဲ့သူ မြေးမလေးကို ရှာနေတယ်ဆိုတဲ့ သတင်းက ဆုကြေးငွေဆယ် သန်းကြောင့် ဟိုးလေးတကျော်ကျော်ပါပဲ။ စားဖိုဆောင်မင်းစေဘဝနဲ့ ကြီးပြင်းလာပြီး တော်လှန်ရေးကြောင့် လမ်းဘေးရောက်ခဲ့ရတဲ့ Dimitri ရဲ့အကြံအတိုင်း ပဲရစ်က ဘွားတော်ဘုရင်မကြီးကို အယုံသွင်းဖို့ Anastasia နေရာမှာ သရုပ်ဆောင်ပေးနိုင်မယ့် မိန်းကလေးတစ်ယောက်ကို ရှာဖွေနေကြရင်း … အတိတ်မေ့နေတဲ့ Anya ဆိုသူ မိဘမဲ့ ကောင်မလေးနဲ့ ဆုံဖြစ်တဲ့အခါ …. ချောင်းကိုရှာရင်း မြစ်ကိုတွေ့ပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(1.5 GB) / (668 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 34Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Adventure, Drama Translator…….Hnin Wut Yi Encoder……….SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.5 GB | Download | |
| 1080p | 1.5 GB | Download | |
| 1080p | 1.5 GB | Download | |
| 1080p | 1.5 GB | Download | |
| 1080p | 1.5 GB | Download | |
| 720p | 668 MB | Download | |
| 720p | 668 MB | Download | |
| 720p | 668 MB | Download | |
| 720p | 668 MB | Download |