
An Autumn’s Tale ( 1987 ) ================== IMDb Rating 7.6/10 An Autumn’s Tale ဟာ Hong Kong Film Awards ကနေပြီး ဟောင်ကောင် , ထိုင်ဝမ် နဲ့ ပြည်မ သုံးခုလုံးက ကားကောင်းတွေကို အကုန်လုံးကို Best 100 Chinese Motion Pictures ဆိုပြီး စာရင်း လုပ်ထားတဲ့အထဲ နံပါတ် ၄၉ ချိတ်ထားတဲ့ရုပ်ရှင်။ 49 လို့ဆိုပေမဲ့ ဒီကားကရိုမန့်ကားစစ်စစ် အဲဒီစာရင်းထဲ သူ့အထက်ကရှိနေတဲ့ ရိုမန့် ကားစစ်စစ်တွေက Comrades: Almost a Love Story , Chungking Expressနဲ့ Days of Being Wildပဲရှိတယ်။ ရိုမန့်ကားတွေပေါပေမဲ့ ရိုမန့်ကားကို မာစတာပိစ်ကားဖြစ်အောင် ရိုက်ဖို့ဆိုတာလည်း အခက်ဆုံး လို့တောင်ပြောချင်ပြောလို့ရတယ်မလား။ ဒီရုပ်ရှင်က အပေါ်က သုံးကား လုံးထက် ရှေးကျသလို အပေါ်ကကားတွေထက်လည်း ရိုမန့်အငွေ့အသက် စစ်စစ်ကိုတော့ ရတယ်။ ပိုသာတယ်လို့ ဆိုလိုတာတော့မဟုတ်ဘူးပေါ့။ An Autumn’s Taleဟာ Mabel Cheung ရဲ့ “migration trilogy”ထဲက ဒုတိယကားပါ။ Mabel Cheungဟာ အဲဒီကားသုံးကားလုံးကို ရေးသား ရိုက်ကူးခဲ့ပြီး သုံးကားလုံး ဇာတ်ညွှန်းဆုတွေရထားသလို ဟောင်ကောင် best picture တွေ ဘာတွေလည်းရထားပါတယ်။ An Autumn’s Tale ကတော့ ဒီသုံးကားထဲက အကောင်းဆုံးလို့ ယူဆလို့ရတဲ့ကားဖြစ်သလို Best Film, Best Cinematography , Best Screenplayဆုတွေရခဲ့ ပါတယ်။ ဒီထဲက မင်းသားကလည်း ဟောင်ကောင်ရဲ့ သက်ရှိထင်ရှား Legend အစစ်ကြီး သရုပ်ဆောင်စွမ်းရည်ရော Personality ရော ဘာမှအပြစ်ပြော စရာမရှိတဲ့ ချောင်ယွန်ဖတ် ။ ဒီကားထဲ သူ့ပုံစံလည်းပေါ်သလို ငပေငတေပုံနဲ့လည်း လိုက်အောင်သရုပ်ဆောင်ပြခဲ့ပေမဲ့ ဒီကားနဲ့တော့ သူ့ best actor ဖြစ်မသွား ခဲ့ပါဘူး။ ဘာလို့ဆို အဲဒီတစ်နှစ်တည်းမှာတင် သူကားသုံးကားနဲ့ best actor ဆုကို ဆန်ခါတင်ဝင်ခဲ့လို့ပါပဲ။ ဒီကားရယ် Prison on Fireရယ် City on Fire ရယ်ပါ။ Prison on Fireနဲ့ ရသွားပါတယ်။ ဒါပေမဲ့ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို Best of Chow Yun Fatလို့ ပြောကြပါတယ်။ မင်းသမီးဖြစ်တဲ့ Cherie Chung ကလည်း ဆန်ခါတင်တော့ ဝင်ခဲ့ပါတယ်။ သူ့ကိုတော့ သိပ်မရင်းနှီးလောက်ပေမဲ့ ချောင်ယွန်ဖတ်နဲ့ ကားတော်တော်များများရိုက်ခဲ့ပြီး။ မကြာသေးခင်က တင်ခဲ့တဲ့ လတ်စလီချောင်ရဲ့ Fatal love နဲ့ Once a thief ထဲ အဓိကဇာတ်ကောင်အဖြစ် ပါခဲ့ပါတယ်။ အစအဆုံး အမေရိကန်မှာပဲ ဇာတ်အိမ်တည်ထားတာဖြစ်ပြီး မန်ဟက်တန်တံတား , ဘရွတ်ကလင်းတံတား , ဝီလီယမ်ဘာ့ချ်တံတား ,နယူးယောက်တရုတ်တန်းတို့လို နေရာတွေမှာ ရိုက်ကူးခဲ့ပါတယ်။ စီနီမာတိုဂရပ်ဖီ ဆုရထားတဲ့ကားပီပီသသပဲ ဇာတ်ဝင်ခန်းအများစုက တော်တော်လှပါတယ်။ အထူးသဖြင့် ချောင်ယွန်ဖတ်ရဲ့ ဖိုသီဖတ်သီ ကြေကွဲစုတ်ပြတ်နေတဲ့ ရုပ်ကလပ်ကြီးနဲ့ တွဲရိုက်ပြထားတဲ့ အခါတွေ မှာပေါ့။ ဒီရုပ်ရှင်ရဲ့ Iconic Scene ကတော့ မြန်မာဝတ္တုတိုတစ်ခုထဲတောင် ဖတ်ဖူးတဲ့ အခန်းနဲ့ခပ်ဆင်ဆင်ပါပဲ။ အဲဒီဝတ္တုထဲက အခန်းကို သိပ်တော့မမှတ်မိတော့ပေမဲ့ ဘာပစ္စည်းတွေလဲတော့ သေချာမမှတ်မိတော့ပေမဲ့ အကျဉ်းဖျဉ်းက ကောင်လေးက နာရီကြိုးအသစ်လဲချင်တယ်။ ကောင်မလေးက ကလစ်လားမသိလိုချင်တာထင်ပါ တယ်။ နောက်ကျ ကောင်လေးက နာရီစက်ကိုရောင်းပြီး ကလစ်ပေး၊ ကောင်မလေးက ဆံပင်ရောင်းပြီး နာရီကြိုးပေးတာလားတော့ မသိဘူး။ ဒီထဲက Iconic Scene ကလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒီအခန်းကိုမှ ချောင်ယွန်ဖတ်ရဲ့ acting နဲ့ပေါင်းလိုက်တော့ တော်တော်လေး ထိတဲ့ ဇာတ်ဝင်ခန်းအဖြစ်အသက်ဝင်သွားတာပါပဲ။ ရိုမန့်ကားတွေ ကြိုက်တတ်ရင်တော့ ဒီကားဟာ အနှစ်နှစ်အလလ လှည့်မကြည့်ဖြစ်ခဲ့တဲ့ စာအုပ်စင်ပေါ်က ချောင်အကျဆုံးနေရာက စာအုပ်ထဲ ပြန်တွေ့လိုက်ရတဲ့ အချစ်ဦးရဲ့ ဓာတ်ပုံဟောင်းတစ်ပုံလို ဖြစ်နေမယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size……….(2.34 GB) / (930 MB) / (531 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 38mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….WiRa Aung Encoder……….SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080P | 2.34 GB | Download | |
| 1080P | 2.34 GB | Download | |
| 1080P | 2.34 GB | Download | |
| 1080P | 2.34 GB | Download | |
| 720P | 930 MB | Download | |
| 720P | 930 MB | Download | |
| 720P | 930 MB | Download | |
| 720P | 930 MB | Download | |
| 720P | 930 MB | Download | |
| 480P | 531 MB | Download | |
| 480P | 531 MB | Download | |
| 480P | 531 MB | Download | |
| 480P | 531 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.6 / 10
Director