
IMDb - 7/10 အခုတင်ဆက်ပေးမှာကတော့ အက်ရှင်ဇာတ်ကားတွေနဲ့လူသိများတဲ့ မင်းသားNandamuri Kalyan Ramက သုံးကိုယ်ခွဲအဖြစ်သရုပ်ဆောင်ထားပြီး လှည့်ကွက်အများကြီးနဲ့ရိုလာကိုစတာစီးသလိုခံစားချက်တွေနဲ့ ကြည့်ရှု့ရမယ့် Amigosဆိုတဲ့အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ကမ္ဘာကြီးမှာကိုယ်နဲ့သွေးသားမတော်စပ်ဘဲ ရုပ်တူတဲ့သူတွေကအနည်းဆုံးသုံးယောက်ကနေ အများဆုံးခုနှစ်ယောက်အထိရှိနိုင်ပြီး အဲ့လူတွေနဲ့တွေ့နိုင်ဖို့ကိုယ့်မှာလည်း အခွင့်ရေးတွေရှိလာနိုင်ပါတယ် ဒီကားထဲမှာတော့ဆဒ်ဒူးဆိုတဲ့လူငယ်လေးကရိုးသားထက်မြက်ပြီး မိဘစီးပွားရေးတွေကိုခန့်ခွဲနေသူတစ်ယောက်ပါ တစ်နေ့မှာတော့ အခွင့်အရေးတချို့ကြောင့် ဝဘ်ဆိုဒ်တစ်ခုကနေ သူနဲ့ရုပ်တူတဲ့မန်ဂျူးနဲ့ မိုက်ကယ်ဆိုသူ လူနှစ်ယောက်ကိုတွေ့ဆုံပြီး သူငယ််ချင်းတွေဖြစ်သွားကြပြီး အတူတူခရီးတွေထွက်ကာပျော်ရွှင်ခဲ့ကြပါတယ် ဒါပေမဲ့သူတို့သုံးယောက်ထဲကမိုက်ကယ်ဆိုသူဟာ ဆဒ်ဒူးနဲ့မန်ဂျူးတို့လိုသာမန်လူမဟုတ်ဘဲ နိုင်ငံ့အလိုရှိရာဇဝတ်သားတစ်ယောက်ဖြစ်နေပြီး ရုပ်တူတာကိုအသုံးချကာထွက်ပြေးဖို့ကြံစည်လာတဲ့အခါ မိုက်ကယ့်ရဲ့လှည့်ကွက်ထဲကိုသူတို့ဘယ်လိုတွေဝင်သွားမိပြီး ပြန်ဖြေရှင်းဖို့ကြိုးစားကြမလဲ သွေးသားမတော်ပဲရုပ်တစ်ထေရာတည်းတူညီနေတဲ့ အကျိုးဆက်ကြောင့်ဘယ်လိုအမွှေဇယားတွေဖြစ်လာမလဲဆိုတာ ရင်ခုန်စွာနဲ့ကြည့်ရှုရမှာဖြစ်ပါတယ် File size…2.6GB /1.13GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder…. YK Translated by BpL~Yunni~ Khin Khin
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.6GB | Download | |
| 720p | 1.13GB | Download | |
| 1080p | 2.6GB | Download | |
| 720p | 1.13GB | Download |