
အဓိက ဇာတ်ဆောင်ကတော့ အားလုံးမြင်ဖူးပြီးသားဖြစ်တဲ့ John Wickထဲက ဟိုတယ်ပိုင်ရှင်ကြီး၊ Pirates of the Caribbeanထဲက Captain Blackbeardဖြစ်တဲ့ မင်းသားကြီးIan McShaneပါ။ ဒီဇာတ်ကားထဲမှာတော့ သူဟာ စစ်သားဟောင်းကြီးတစ်ဖြစ်လဲ ကြေးစားလူသတ်သမားလုပ်တဲ့ ဝီလ်ဆန်အဖြစ်မြင်တွေ့ရမှာပါ။ ‘American Star’ဆိုတာက ကန်နေရီကျွန်းများထဲမှကမ်းခြေတစ်ခုမှာ သောင်တင်နေတဲ့ အမေရိကန်စစ်သင်္ဘောကြီးကိုခေါ်တာပါ။ ဒီသင်္ဘောကြီးကို ဒုတိယကမ္ဘာစစ်အတွင်းမှာ တိုက်ရေယာဥ်၊ သယ်ပို့ယာဥ်အဖြစ် အမျိုးမျိုးအသုံးတော်ချခဲ့ပြီး စစ်ကြီးအပြီးမှာလည်း ကုန်သယ်ဖို့၊ ဟိုတယ်ဖွင့်ဖို့ စတဲ့ရည်ရွယ်ချက်အမျိုးမျိုးနဲ့ တစ်ဆင့်ပြီး တစ်ဆင့် လက်ဆင့်ကမ်းရောင်းဝယ်ခဲ့ကြတဲ့ သင်္ဘောကြီးပါ။ နောက်ဆုံးတော့ ၁၉၉၄ခုနှစ်အရောက်မှာ ဟိုတယ်ဖွင့်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဂရိကနေထိုင်းနိုင်ငံကိုပို့ဆောင်ရင်း လမ်းခုလတ်မှာ မုန်တိုင်းမိပြီး ဘာမှမဆီမဆိုင်တဲ့ ဖွယ်တီဗန်တူရာကျွန်းမာသောင်တင် နေခဲ့ပါတယ်…။ ၂၀၂၂ခုနှစ်အရောက်မှာတော့ ဒီသင်္ဘောပျက်ကြီးကို လူလုပ်သန္တာကျောက်တန်းအဖြစ်အသုံးချလိုက်တာမို့ ပင်လယ် မျက်နှာပြင်မှာလုံးဝမြင်တွေ့ရတော့မှာမဟုတ်ပါဘူး…။ ဘာလို့ဒီအကြောင်းတွေပြောနေရလဲဆိုရင် ဇာတ်လမ်းရဲ့အဓိက ဇာတ်ကောင်ကို ဒီသင်္ဘောနဲ့ ခိုင်းနှိုင်းပြီး ဇာတ်အိမ်တည်ထားလို့ပါပဲ…။ ကြေးစားလူသတ်သမားဖြစ်တဲ့ ဝီလ်ဆန်ဟာ သူ့ရဲ့ပစ်မှတ်ကို လုပ်ကြံဖို့အတွက် ဖွယ်တီဗန်တူရာကျွန်းကိုရောက်လာခဲ့ပါတယ်။ သို့ပေမယ့် ပစ်မှတ်ဟာ အဲ့ဒီကျွန်းမှာရှိမနေခဲ့တာကြောင့် ဝီလ်ဆန် တစ်ယောက် ပစ်မှတ်အလာကိုစောင့်ရင်း ကျွန်းပေါ်မှာအချိန်ဖြုန်းဖို့ ကြံခဲ့ပါတယ်။ ကျွန်းပေါ်မှာနေတဲ့ကာလအတွင်း ဝီလ်ဆန်ဟာဘယ်လို လူတွေနဲ့ကြုံတွေ့ရမလဲ၊သူ့အလုပ်ကိုရော ပြီးမြောက်အောင် လုပ်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ။ File size…1.54GB / 662MB Quality…WEB-DL 1080p5.1CH / 720p Format…mp4 Duration….1h 47m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.54GB | Download | |
| 1080p | 1.54GB | Download | |
| 1080p | 1.54GB | Download | |
| 1080p | 1.54GB | Download | |
| 1080p | 1.54GB | Download | |
| 720p | 662MB | Download | |
| 720p | 662MB | Download | |
| 720p | 662MB | Download | |
| 720p | 662MB | Download | |
| 720p | 662MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
5.4 / 10
Director