
IMDb Rating - 6.1/10 ၁၉၈၀၊ ၁၉၉၀ ဖွားတွေ အရမ်းသဘောကျခဲ့ကြရတဲ့ အလှဘုရင်မတစ်ပါး (သို့) ဂျန်နီဖာကော်နယ်လီ။ Star Wars ရုပ်ရှင်ကားတွေနဲ့ရုပ်ရှင်ကားပေါင်းများစွာအပြင် Harley Queen 2020 မှာပါ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချောကြီး အီဝမ်မက် ဂရက်ဂေါ။ I am Sam 2001၊ Coraline 2009 ရုပ်ရှင်ကားတွေမှာပါဝင်ခဲ့၊ အသံ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး ဒါကိုတာဖန်းနင်း။ ဒီတော့ အခုကားဟာ ဒီနာမည်ကျော်သုံးယောက်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားပါ။ အမေရိကန်/ ဗီယက်နမ်စစ်ပွဲခေတ်ကို အခြေတည်ထားပြီး အောက်ခြေအမေရိကန် ပြည်သူတွေကို အထက်ကလူတွေက ပြန်ငုံ့မကြည့်တဲ့အခါ အောက်ခြေက အမေ ရိကန်ပြည်သူတွေ ဘယ်လိုတွန်းကန်တော်လှန်ကြလဲဆိုတဲ့ အငွေ့အသက်တွေပါတဲ့ ရုပ်ရှင်ကားပေါ့။ ချောပေ့၊ ခန့်ပေ့ ပျိုတိုင်းကြိုက်ပါပေ့ဆိုတဲ့ ဆွိဒ်ဆိုတဲ့ကောင်လေးနဲ့ နယူးဂျာစီမယ်ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့ ဒေါင်းလိုလှတဲ့ ဒေါင်းဆိုတဲ့အမျိုး သမီးလေး။ ဒီလိုနှစ်ယောက်က မွေးဖွားလာတဲ့ မယ်ရီဆိုတဲ့ကလေးမလေး။ ဒီတော့ ဇာတ်လမ်းဟာ ဘယ်လိုကနေ ဘယ်လို ဘယ်ကိုဇာတ်ကွေ့သွားမယ်၊ ဘာတွေဟာ ဇာတ်ရှိန်တတ်တာတေွ ဖြစ်လာမလဲ၊ ဇာတ်ရှုပ်ဇာတ်ထွေးတွေနဲ့ ကြုံတဲ့အခါ ဇာတ် ဆောင်တွေဟာ ဘယ်လိုဖြေရှင်းကြမယ်၊ ဇာတ်ထုပ်တွေဘယ်လိုပြေးလာမယ်ဆိုတာ သိချင်ရင်တော့ ယခုရုပ်ရှင်ကားလေးထဲမှာ ကြည့်ရှုနိုင်ပါပြီ။ Lionsgate က ထုတ်လုပ်ဖြန့်ဖြူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားလို့ ဆိုလို့ရတာ ကြောင့် ဇာတ်အေးကြိုက်သူတွေ ခံစားရင်ခုန်ပေးပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size..........(1.37 GB) / (554 MB) / (373 MB) Quality............Blu-Ray 1080p / 720p / 360p Duration.........1Hr 48mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama Translator.......San Thu Aung Encoder..........SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.37 GB | Download | |
| 720p | 554 MB | Download |