
ဒီဇာတ်ကားက Alvinတို့ ရှဉ့်လေးသုံးကောင်ရဲ့ ဒုတိယမြောက် ဇာတ်ကား ဖြစ်ပါတယ်။ ဒေ့ဗ်နဲ့တူတူ နယ်လှည့်ဖျော်ဖြေပွဲတွေလုပ်နေရင်း ထုံးစံအတိုင်း အယ်ဗင်ကြောင့်ပဲ ဒေ့ဗ်တစ်ယောက် မတော်တဆဖြစ်ပြီး ဆေးရုံရက်ရှည် တက်လိုက်ရတာကြောင့် အယ်ဗင်တို့သုံးကောင် ဒေ့ဗ်ရဲ့အဒေါ်အိမ်မှာ သွားနေဖို့ ဖြစ်လာပါတယ်။ ဖြစ်ချင်တော့ အဲဒီအိမ်မှာ ဒေ့ဗ်ရဲ့တူတော်မောင်လည်း ရှိနေပြီး သူ့ကြောင့်ပဲ အဲဒီအဒေါ်ပါ ဆေးရုံတက်လိုက်ရချိန်မှာ အယ်ဗင်တို့ဟာ ဒေ့ဗ်ရဲ့တူဖြစ်သူနဲ့ တူတူနေဖို့ ဖြစ်လာပါတယ်။ ဒေ့ဗ်တောင် ထိန်းမနိုင်တဲ့ ရှဉ့်သုံးကောင်ကို တူဖြစ်သူကလည်း ထိန်းဖို့ အစီအစဉ်မရှိဘဲ ရှဉ့်သုံးကောင်ကို ကျောင်းတက်ဖို့ဆိုပြီး အထက်တန်းကျောင်းကို သွားတက်ခိုင်းလိုက်ပါတယ်။ ကျောင်းမှာလည်း ပြဿနာတွေ ရှာခဲ့တာကြောင့် အယ်ဗင်တို့ သုံးကောင်သား ကျောင်းနားမလား၊ ကျောင်းဂီတဌာန ရန်ပုံငွေ ရဖို့ ကျောင်းပေါင်းစုံ အဆိုပြိုင်ပွဲမှာ ဝင်ပြိုင်ပေးမလားဆိုပြီး အပေးအယူ လုပ်ရတဲ့ အခြေအနေတွေ ရောက်ကုန်ပါတယ်။ တစ်ဖက်မှာလည်း အယ်ဗင်တို့ကြောင့် မွဲသွားတဲ့ producer ကြီးက အခွင့်သာတိုင်း အယ်ဗင်တို့ကို လက်စားချေဖို့အတွက် စောင့်နေရင်း အယ်ဗင်တို့လိုပဲ သီချင်းဆိုတတ်တဲ့ ရှဉ့်မလေး သုံးကောင်က သူ့ဆီရောက်လာခဲ့ပါတယ်။ သူတို့အဖွဲ့ကိုတော့ချစ်ပက်တ်လို့ ခေါ်ပါတယ်။ Producerကြီး အီယန်က အဲဒီရှဉ့်မလေးတွေကို အသုံးချပြီး အဆိုပြိုင်ပွဲမှာ အယ်ဗင်တို့ကို အနိုင်ရဖို့ ကြံဖန်ပါတော့တယ်။ သူကပဲ ပြန်လက်စားချေသွားနိုင်မလား၊ အယ်ဗင်တို့ကပဲ အကြွေးထပ်ယူသွားမလားဆိုတာ ကြည့်ရှုရမှာပါ။ File size… 2.6 GB / 621 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Comedy/Music Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.6 GB | Download | |
| 1080p | 2.6 GB | Download | |
| 1080p | 2.6 GB | Download | |
| 1080p | 2.6 GB | Download | |
| 720p | 621 MB | Download | |
| 720p | 621 MB | Download | |
| 720p | 621 MB | Download | |
| 720p | 621 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director