
ငယ်ဘဝတုန်းက တိရစ္ဆာန်လေးတွေနဲ့ လူတွေ တွဲဖက်ရိုက်ခဲ့ကြတဲ့ ရုပ်ရှင်တွေ အများကြီးကြည့်ဖူးခဲ့မှာပါ။ အဲဒီတုန်းက 3D effectဘာညာလည်း မသိနားမလည်သေးတဲ့ အရွယ်ဆိုတော့ တိရစ္ဆာန် အစစ်လေးတွေကို သေချာသင်ပေးပြီး ရိုက်ထားသလို ထင်ခဲ့ရတဲ့ အကြိမ်ရေလည်း မနည်းပါဘူး။ ဒီလိုဇာတ်ကားတွေထဲမှာ Alvinတို့ ရှဉ့်လေးသုံးကောင်ရဲ့ ဇာတ်ကားတွေလည်း အပါအဝင်ပါပဲ။ သူတို့ရဲ့ ငမွှေထိုးလုပ်ပုံ၊ ဗရုတ်ကျပုံတွေ၊ သူတို့အသံနဲ့ ဆိုထားတဲ့ သီချင်းတွေက ငယ်ဘဝရဲ့အမှတ်တရ ဖြစ်ခဲ့သလို နောက်ပိုင်းမှာ နာမည်ကြီးသီချင်းအများစုကို Chipmunks versionလို့ ပြန်ပြီး ဖန်တီးလာတဲ့အထိ ဒီရှဉ့်လေးတွေရဲ့ လွှမ်းမိုးမှုက တစ်ကမ္ဘာလုံး အတိုင်းအတာထိ ရှိခဲ့တာပါ။ ဒီဇာတ်ကားက Alvin, Simonနဲ့ Theodoreဆိုတဲ့ chipmunk ရှဉ့်လေးသုံးကောင်ကို စတင်မိတ်ဆက်ပေးခဲ့တဲ့ ဇာတ်ကားပါ။ မအောင်မြင်တဲ့ တေးရေးဆရာ ဒေးဗစ်ဆီဗီးလ်ဆီကို ဒီရှဉ့်လေး သုံးကောင်က ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တာပါ။ ဖိအားများနေတဲ့ ဒေ့ဗ်တစ်ယောက် ရှဉ့်လေးတွေနဲ့ စတွေ့ချိန် သူတို့ရဲ့ သောင်းကျန်းမှုကို မခံနိုင်လို့ မောင်းထုတ်ခဲ့ပေမဲ့ မထင်မှတ်ဘဲ သူတို့ရဲ့ talentဖြစ်တဲ့ သီချင်းဆိုတာကို ကြားလိုက်ရပြီးနောက် Chipmunkတွေအတွက် ပင်တိုင်သီချင်းရေးပေးသူ ဖြစ်လာပြီး အောင်မြင်မှုတွေ ရလာခဲ့ပါတယ်။ ဒါကိုမနာလိုတဲ့ တေးသံသွင်းပိုင်ရှင်က ဒေ့ဗ်ဆီကနေ ရှဉ့်တွေကို လုယူဖို့ အမျိုးမျိုးအဖုံဖုံကြိုးစားခဲ့ပြီး သူ့ရဲ့ကိုယ်ကျိုးအတွက်ပဲ ကြည့်ကာ ရှဉ့်လေးတွေကို အသုံးချဖို့ ကြိုးစားခဲ့ပါတယ်။ သူနဲ့ရှဉ့်လေးတွေကြားက အထင်လွဲမှုတွေကို ဖြေရှင်းဖို့ကြိုးစားရင်း ဒေ့ဗ်အနေနဲ့ လောဘအိုး producerရဲ့လက်ကနေ ရှဉ့်လေးတွေ လွတ်မြောက်နိုင်အောင် ဘယ်လိုကယ်တင်မလဲဆိုတာ သီချင်း မြူးမြူးလေးတွေ၊ chipmunkလေးတွေရဲ့ချစ်စရာကောင်းတဲ့ သီဆိုပုံတွေနဲ့အတူ ခံစားရမှာပါ။ File size… 2.2 GB / 629 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Comedy/Music Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.2 GB | Download | |
| 1080p | 2.2 GB | Download | |
| 1080p | 2.2 GB | Download | |
| 1080p | 2.2 GB | Download | |
| 720p | 665 MB | Download | |
| 720p | 665 MB | Download | |
| 720p | 665 MB | Download | |
| 720p | 665 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director