
All That Heaven Allows (1955) IMDb: 7.6/10 Genre: Drama / Romance အရမ်းအောင်မြင်ခဲ့တဲ့ ဂန္ထဝင် romanceရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးမယ်ဗျ။ ဒီရုပ်ရှင်က 1955ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အရမ်းအောင်မြင်ခဲ့တဲ့ ရုပ်ရှင်လို့ပြောရမယ်ဗျ။ ဘာလို့လဲဆိုရင် မင်းသားကြီး ဝင်းဦးကိုယ်တိုင် ဒီရုပ်ရှင်ကိုမှီငြမ်းပြီး “နှစ်ယောက်တည်းနေချင်တယ်” ဆိုတဲ့ ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးခဲ့တယ်လို့ ပြောကြလို့ပါပဲ။ ဒီရုပ်ရှင်ကတော့ စတုန်နင်ဟမ်လို့ခေါ်တဲ့မြို့လေးမှာနေထိုင်တဲ့ မုဆိုးမတစ်ယောက်ဖြစ်သူ ကယ်ရီဟာ သူ့အိမ်ကို သစ်ပင်အကိုင်းအခက်တွေ လာရောက်ပြုပြင်ပေးသူ ဥယျာဉ်မှူး လူငယ်လေး ရွန်ကာဗီနဲ့ ချစ်ကြိုက်မိတဲ့ အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ကယ်ရီဟာ ကြွယ်ဝပြီး အပေါင်းအသင်းနည်းတဲ့သူတစ်ယောက်လို့ ပြောရပါမယ်။ သားသမီးတွေဟာလည်း အားလပ်ရက်မှ ပြန်လာတတ်တာမို့ ကယ်ရီဟာ အိမ်မှာပဲ အေးဆေးစွာ နေထိုင်သူတစ်ဦးပါ။ ရွန်ကတော့ ရင့်ကျက်ပြီး ဘဝကို ရှိတာနဲ့ရောင့်ရဲတင်းတိမ်နိုင်တဲ့ ငယ်ရွယ်တဲ့ လူငယ်တစ်ဦးပဲဖြစ်ပါတယ်။ ငွေကြေးနဲ့ဂုဏ်ဒြပ်တွေကို မက်မောတဲ့ ကယ်ရီရဲ့ အသိုင်းအဝိုင်းက တစ်ဖက်၊ ရိုးရှင်းတဲ့ဘဝကိုသာ လိုချင်တဲ့ ရွန်က တစ်ဖက်၊ ဒီလိုရင်ဆိုင်လာရချိန်မှာတော့ ကယ်ရီတစ်ယောက် သူ့ရဲ့ ခံစားချက်တွေကို ဘယ်လိုပြုပြင်မလဲဆိုတာကို ကြည့်ရှုရမှာပါ။ ဒီရုပ်ရှင်မှာ အချိန်တွေပြောင်းလဲသွားပေမယ့် လိုက်ပြောင်းလဲမသွားတဲ့ လူ့အသိုင်းအဝိုင်းရဲ့ ထုံးတမ်းအစဉ်အလာတွေအကြောင်းကိုလည်း သေချာတွေ့မြင်ရမှာပါ။ ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Douglas Sirkက ရိုက်ကူးထားပြီး မင်းသမီး Jane Wymanနဲ့ မင်းသား Rock Hudsonတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဝင်းဦးကိုယ်တိုင် ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်လို့ ဘယ်လောက်လက်ရာမြောက်လဲဆိုတာတော့ ပြောဖို့လိုမယ်မထင်ပါဘူးဗျ။ အရမ်းကောင်းတဲ့ classic romanceရုပ်ရှင်တစ်ကားဖြစ်လို့ ကြည့်ကြဖို့ ညွှန်းချင်ပါတယ်။ File size… 2.7 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 29m Genre ….. Drama / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Spencer Potato