
After Life (1998) ~ IMDb – 7.6/10, RT – 89%, Meta – 91% ~ Hirokazu Kore-eda ရဲ့ ပထမဆုံး Maborosi အပြီးရိုက်ခဲ့တဲ့ ဒုတိယမြောက်ရုပ်ရှင်ပါ။ ရုပ်ရှင်ကတော့ သူ့နာမည်အတိုင်း သေပြီး တမလွန်မှာ စောင့်ဆိုင်းရင်း ရွေးချယ်မှုလုပ်ရတဲ့အကြောင်းပါ။ ဒီလို Theme နဲ့ အင်္ဂလိပ်ကားတချို့လည်းထွက်ပြီးခဲ့သလို မကြာသေးခင်က ထွက်ခဲ့တဲ့ကိုရီးယားဇာတ်လမ်းတွဲ Light Shop မှာတောင် ဒီရုပ်ရှင်ရဲ့ တချို့အငွေ့အသက်တွေမြင်ရပါတယ်။ နာမည်သိပ်မရခဲ့ဘူးထင်ရပေမဲ့လည်း နောက်ထပ်ကိုးကားဖြစ်တည်လာဖို့အတွက် တော်တော်ပေါက်မြောက်ခဲ့တဲ့ ဇာတ်လမ်းပါပဲ။ တမလွန်ကို တင်ဆက်ပုံကလည်း ထူးခြားတယ်။ ဘယ်လိုထူးခြားလဲတော့ ကိုယ်တိုင်ပဲကြည့်ကြည့်လိုက်ပါ။ Kore-eda ဟာ ဒီဘက်ခေတ်ရဲ့ Yasujirō Ozu အမွေကိုဆက်ခံတဲ့ ဒါရိုက်တာလို့ တထစ်ချယုံကြည်ထားတာနဲ့အတူပဲ Kore-eda ရဲ့တင်ဆက်ပုံအကြောင်းကို အိုဇုကိုဖယ်ပြီး ပြောဖို့ ကျွန်တော့်အတွက်တော့မဖြစ်နိုင်ပါဘူး။ ပထမဆုံး Maborosi မှာ Hirokazu Kore-eda ဟာ အိုဇုအငွေ့အသက်ကို တော်တော်ဖမ်းယူခဲ့သလို ဒီရုပ်ရှင်မှာလည်း အိုဇုရဲ့ သူတို့ဂျပန်ရိုးရာတွေကို တမြတ်တနိုးတင်ဆက်မှုကို ဖမ်းယူထားသေးတာပါပဲ။ အိုဇုကိုပိုနားလည်လာလေ သူတို့ရဲ့ဆင်တူမှုကို ပိုဖမ်းမိလာလေဖြစ်လာမယ့် အချက်တွေတော့များပါတယ်။ အိုဇုဟာ ဘယ်လိုအကြောင်းအရာတွေပဲ တင်ဆက်တင်ဆက် သူ့ရုပ်ရှင်တွေမှာ ကျွန်တော်တို့ဂျပန်ဆိုတဲ့အငွေ့အသက်အပြည့်ရသလို သူ့ရုပ်ရှင်တစ်ကားလုံးမှာလည်း ဂျပန်ယဉ်ကျေးမှုနဲ့ရိုးရာက ထုံမွှမ်းနေပါတယ်။ သူ့တင်ဆက်ပုံကိုကလည်း ဂျပန်လူနေမှုတစ်ခေတ်ရဲ့မရှိမဖြစ် ဖြစ်ခဲ့တဲ့ အခုထိတန်ဖိုးထားကြဆဲ Tatami Mat တတမိဖျာကို ဂုဏ်ပြုထားတဲ့တင်ဆက်ပုံမျိုးဖြစ်ခဲ့တယ်။ ပြောရရင် အိုဇုရုပ်ရှင်တွေဟာ သူ့ခေတ်သူ့အခါမှာ ဂျပန်အဆန်ဆုံးလို့ ခံစားရတဲ့ ရုပ်ရှင်တွေဖြစ်ခဲ့တယ်။ Kore-eda ကလည်း ဒီဘက်ခေတ်ရဲ့ အဲဒီလိုလူပါပဲ။ Kore-eda ရဲ့ After Life ကလည်း တမလွန်ကို ပြတဲ့ရုပ်ရှင်ပေမဲ့ အိုဇုနဲ့ထပ်တူ ဒီယဉ်ကျေးမှုအငွေ့အသက်တွေကို ဖမ်းနိုင်သလောက်ဖမ်းထားတဲ့ ရုပ်ရှင်ပါပဲ။ After Life ဟာ ဂျပန်ကားစစ်စစ်တစ်ကား Kore-eda ကား စစ်စစ်တစ်ကားဆိုတာတော့ သေချာပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 930MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 59Min Genre – Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.2GB | Download | |
| 1080p | 2.2GB | Download | |
| 1080p | 2.2GB | Download | |
| 1080p | 2.2GB | Download | |
| 720p | 930MB | Download | |
| 720p | 930MB | Download | |
| 720p | 930MB | Download | |
| 720p | 930MB | Download | |
| 720p | 930MB | Download |