
Addicted to Love ဇာတ်ကားလေးဟာဆိုရင် ၁၉၉၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဒါရိုက်တာ Griffin Dunne က ရိုက်ကူးထားတဲ့ ရိုမန်းတစ်ဟာသ အချစ်ဇာတ်မြူးလေးဖြစ်ပါတယ်။ ဒီကားထဲမှာ နာမည်ကျော်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Matthew Broderick၊ Kelly Preston၊ Linda တို့က အဓိကပါဝင်ထားပြီး လူသားတယောက်ရဲ့ အချစ်ပုံသဏ္ဍန်ကို အဓိပ္ပာယ်များစွာနဲ့ ဖော်ကျူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** Sam က နက္ခတ္တဗေဒပညာရှင်တယောက်ဖြစ်ပြီးတော့ သူ့ရဲ့ စေ့စပ်ထားတဲ့ချစ်သူ Linda ရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရပါတယ်။ Linda ကတော့ ကျောင်းဆရာမအလုပ်ကို ပျော်မွေ့တဲ့သူဖြစ်ပါတယ်။ နယူးယောက်မြို့မှာ ကျောင်းဆရာမအလုပ်ကို သွားလုပ်တဲ့ Linda ရဲ့ လမ်းခွဲနှုတ်ဆက်စာကို ဖတ်ပြီးချိန်မှာ Sam တယောက် ရတက်ပွေပြီး သူ့ချစ်သူနောက်ကို ခြေရာခံလိုက်ပါတော့တယ်။ Linda က နယူးယောက် စားသောက်ဆိုင်ပိုင်ရှင်သူဌေး Anton နဲ့ အချစ်သစ်ရှာတွေ့သွားခဲ့တာဖြစ်ပြီး Sam က သူတို့နှစ်ယောက်ကို လျှို့ဝှက်စောင့်ကြည့်ဖို့ စက်ကိရိယာအသစ်တခုတီထွင်လိုက်ပါတော့တယ်။ ဒီအခါမှာ Anton ရဲ့ရည်းစားဟောင်း Maggie ကလည်း သူ့ဘဝကို အသုံးချပြီးသစ္စာဖောက်သွားတဲ့ Anton ကို လက်စားချေဖို့ ကြံစည်နေတာပါ။ အဲဒီမှာပဲ Sam နဲ့ Maggie တို့ နှစ်ယောက်ပူးပေါင်းပြီး Anton နဲ့ Linda တို့နေထိုင်တဲ့ တိုက်ခန်းကို အသံဖမ်းခိုးနားထောင်ကြပါတယ်။ ဒါတင်မက သူတို့စုံတွဲကို နေ့တိုင်း ပြဿနာတမျိုးပြီးတမျိုးတက်အောင် ဇာတ်လမ်းဆင်ပြီး နောက်ကွယ်ကနေ တိတ်တိတ်ကလေး လုပ်ကြံပါတော့တယ်။ ဒီနောက်ပိုင်းမှာတော့ အန်တန်တို့စုံတွဲ ဘယ်လိုဆက်ဖြစ်သွားမှာလဲ၊ Sam က သူအရမ်းချစ်ရတဲ့တဲ့ Linda နဲ့ ပြန်ပေါင်းထုပ်နိုင်မှာလား၊ Maggie ကရော သူ့ရဲ့အစီအစဉ်ကို အကောင်အထည်ဖော်နိုင်မှာလား၊ Anton ရဲ့ ဘဝကို Maggie တယောက် ဘယ်လိုနစ်နာအောင် လက်စားချေပြမလဲဆိုတာ ဟာသအသော ကလေးတွေနဲ့ ဇာတ်ဝင်ခန်း တခန်းပြီးတခန်း ငြီးငွေ့စရာမရှိအောင် စောင့်မျှော် အားပေးကြရမှာဖြစ်ပါတယ်။ File size…2.26GB / 851MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 40m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by AICOG
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.26GB | Download | |
| 1080p | 2.26GB | Download | |
| 1080p | 2.26GB | Download | |
| 1080p | 2.26GB | Download | |
| 1080p | 2.26GB | Download | |
| 720p | 851MB | Download | |
| 720p | 851MB | Download | |
| 720p | 851MB | Download | |
| 720p | 851MB | Download | |
| 720p | 851MB | Download |