
ဒီကားလေးကတော့ ကလေးတွေအတွက်ပညာပေးကားတစ်ကားလို့ပြောရမလား လူတိုင်းကြည့်သင့်တဲ့ဇာတ်လမ်းတစ်ခုလို့ပြောရမလားပါပဲ ဇာတ်လမ်းလေးကတော့ မဖြစ်သင့်တာတွေမဖြစ်ရအောင်ကြိုတင်ကာကွယ်ရမဲ့ဟာတွေ ကလေးတစ်ယောက်အတွက် မိသားစုဆိုတာ ဘယ်လောက်အရေးပါလည်းဆိုတာတွေကိုဖော်ပြထားတာပဲဖြစ်ပါတယ် ဇာတ်လမ်းလေးအကျဉ်းချုပ်ပြောရရင်တော့ အသက်၁၅နှစ်အရွယ်ကျောင်းသူလေးနဲ့ အသက်၅၀ကျော်ဆရာတို့ မေတ္တာလွန်ပြီး မဖြစ်သင့်တာတွေဖြစ်တဲ့ဇာတ်လမ်းလေးပေါ့ မေတ္တာလွန်တယ်ဆိုတာထက် ရွံစရာလို့ပြောရမလားပါပဲ အဲလစ်ဇဘက်ဆိုတဲ့မိန်းကလေးက မိသားစုထဲမှာ ၁၅နှစ်တည်းနဲ့ အရွယ်နဲ့မလိုက်အောင်ကို မသားစုအခြေနေကြောင့်ရင့်ကျက်နေသူတစ်ယောက်ပါ သူ့ဘဝလေးက အဖေနဲ့ညီအစ်မတွေရှိနေပေမဲ့ အဖေဖြသ်သူကအလုပ်ကြောင့်မအား ညီအစ်မဖြစ်သူတွေကလည်းတစ်ယောက်တစ်မျိုးဆိုတော့ သူကိုယ်တိုင်ကပဲ အဖေမရှိရင် မိသားစုကိုကြည့်ရတာပါ အဲဒါကြောင့်ပဲ သူ့မှာစကားပြောဖော်မရှိ ရင်ဖွင့်ဖော်မရှိဖြစ်နေရာက ကျောင်းအသစ်မှာ ဆရာတစ်ယောက်ဖြစ်သူနဲ့တွေ့ပါတော့တယ် စစချင်းမှာတော့အင်မတန်သဘောကောင်းပြီး ကာကွယ်သယောင်လုပ်ပေးခဲ့လို့သူယုံခဲ့ရတယ် ဆရာက အချိန်ကြာလာတာနဲ့အမျှပြောင်းလဲလာပြီး သူနဲ့ချစ်ကျွမ်းဝင်သလိုတွေဖြသ်လာပါတော့တယ် ဒီလိုနဲ့ကျောင်းထဲမှာပဲမဖြစ်သင့်တာတွေဖြစ်ရာကနေ အမြင်မတော်လို့ကျောင်းသူတစ်ယောက်ကရဲတိုင်ပါတော့တယ် အဲဒါကြောင့်ပဲ ကလေးမဖြစ်သူကိုဆရာဖြစ်သူကပြန်ပေးဆွဲပြီး ဒုက္ခပေါင်းစုံနဲ့သူနဲ့တူတူနေခိုင်းခဲ့ပါတယ် အဲ့လိုတွေကြောင့် သူ့ခံစားခဲ့ရတဲ့ဒဏ်ရာတွေကရောပျောက်ကင်းနိုင်ပါ့မလား ပြန်ပေးဆွဲခံရာကနေရောဘယ်လိုတွေကြောင့်လွတ်မြောက်သွားမလဲဆိုတာတွေအပြင် လူ့လောက လူ့သဘာဝကိုသေချာဖော်ပြပေးထားလို့ အေးအေးဆေးဆေးလေးကြည့်လို့ကောင်းမဲ့ရုပ်ရှင်လေးဖြစ်ပါတယ် File size…(1.4 GB)/(630 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:01:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C.M.Minhtike
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 720p | 630 Mb | Download | |
| 720p | 630 Mb | Download | |
| 720p | 630 Mb | Download | |
| 720p | 630 Mb | Download | |
| 720p | 630 Mb | Download | |
| 720p | 630 Mb | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
5.8 / 10
Director