
Aaragan (2024) “ဆန်းကြယ်သော ဘ၀ခရီး” ဘောလိဝုဒ်ရုပ်ရှင်ပရိသတ်ကြီးအတွက် တမီလ်ဇာတ်လမ်းကောင်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိမ်ထောင်တစ်ခုထူထောင်မဲ့ ချစ်သူနှစ်ဦးရဲ့ ရုန်းကန်ရတဲ့ ဘ၀ခရီးလမ်းကို ဒရာမာနှောပြီး ခပ်ဆန်းဆန်း ရိုက်ကူးထားတာပါ။ အခုခေတ်ဇာတ်လမ်းဖြစ်ပေမဲ့ ဇာတ်လမ်းအစမှာတော့ ရာဇ၀င်ဇာတ်ကြောင်းတစ်ခုနဲ့ အစပျိုးထားပါတယ်။ တိုင်းပြည်တစ်ပြည်က ဘုရင်တစ်ပါးမှာ သားတော်နှစ်ပါးရှိပြီး သားတော်ကြီးက လက်ရုံးရည် နှလုံးရည်ပြည့်၀သလောက် သားတော်ငယ်ကတော့ သွေးကြောင်တဲ့ အရည်အချင်းမရှိသူပါ။ တစ်နေ့မှာ စစ်မက်ဖြစ်ပွားရာက ဘုရင်နဲ့သားတော်ကြီး ဆုံးပါးသွားပြီး သားတော်ငယ်ကတော့ တောထဲထွက်ပြေးသွားပါတယ်။ အဲဒီမှာ သားတော်ငယ်ဟာ ပရောဟိတ်ကြီးတစ်ပါးနဲ့ဆုံပြီး တပည့်ခံခဲ့ပါတယ်။ တစ်နေ့မှာတော့ ပရောဟိတ်ကြီးရဲ့အသက်ကို ကယ်ပေးခဲ့တာကြောင့် ပရောဟိတ်က သားတော်ငယ်ကို လိုရာဆုတစ်ခု တောင်းခိုင်းခဲ့ပါတယ်။ အဲဒီသမိုင်းကြောင်းဟာ ခေတ်သစ်ဘ၀မှာ အိမ်ထောင်ထူထောင်ကြမဲ့ ဆာရ်ဗန်နာနဲ့ မာဂီနီလာတို့ ချစ်သူနှစ်ဦးနဲ့ ဘယ်လိုဆက်စပ်နေမလဲ၊ ချစ်သူနှစ်ဦးရဲ့အိမ်ထောင်ရေးမှာ ဘယ်လိုအခက်အခဲတွေ ကြုံရမလဲ၊ ဘယ်လိုထူးဆန်းတာတွေ တွေ့ရမလဲဆိုတာကို စိတ်၀င်စားစရာ ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~KKKZ~ToMo~V တို့ ဖြစ်ပါတယ်။)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p HEVC | 1.4 GB | Download | |
| 720p | 742 MB | Download | |
| 720p | 742 MB | Download | |
| 720p | 742 MB | Download | |
| 720p | 742 MB | Download | |
| 720p | 742 MB | Download | |
| 720p | 742 MB | Download |