
2022ခုနှစ်ထွက် Aaraattuဆိုတဲ့ ကားလေးကို CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားကတော့ မူသာလက်ကိုတာဆိုတဲ့ ရွာလေးမှာရှိတဲ့ မြေနေရာတစ်ခုကို ငှားရမ်းလိုက်တဲ့ နေရန်တင် ကာရာဂိုပန်ဆိုတဲ့လူတစ်ယောက်နဲ့ ရွာမှာ ရေလွှမ်းမှုဖြစ်တုန်းက ရွာကိုကူညီဖို့ရောက်လာတဲ့ အကြီးအကဲတစ်ယောက်နဲ့ လူလေးယောက်ကြားထဲက ဇာတ်လမ်းကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ ရွာမှာ ရှိနေခဲ့တဲ့ မာသာရီဆိုတဲ့ လူတစ်ယောက်ပိုင်ဆိုင်တဲ့ ရေလွှမ်းနေတဲ့မြေကို အစိုးရက စိုက်ပျိုးရေးလုပ်ခိုင်းတာမို့ အကျိုးအမြတ်ဖြစ်အောင်လုပ်ချင်တဲ့ မာသာရီဟာ ဂိုပန်ကို မြေဖို့ဖို့အတွက် လူငှားလိုက်ပါတော့တယ်။ စီးပွားရေးသမား၊ အလုပ်သာဖြစ်မယ်ဆို ဘယ်သူ့မျက်နှာကိုမှ မငဲ့တဲ့ ဂိုပန်ဟာ အဲဒီမြေကို အခွန်ဦးစီးဌာနမှူးဆီမှာ ငါးမွေးမြူရေးအတွက်တောင်းရမ်းပါတော့တယ်။ ငွေရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြားက တင်းမာမှုတွေ၊ အကျိူးစီးပွားကိုပဲကြည့်တဲ့လူတွေကြားမှာ ရိုးသားတဲ့ရွာသူရွာသားတွေနဲ့ သာယာပြီး နေထိုင်ချင်စဖွယ်ကောင်းတဲ့ ရွာလေးကရော တောင့်ခံထားနိုင်ပါ့မလား။ အဲဒီအပြင် ဒီရွာကို ရောက်လာခဲ့တဲ့ ဂိုပန်ဟာရော ဒီတိုင်းရောက်လာခဲ့တာလား၊ သူဖုံးကွယ်ထားတဲ့ အတိတ်တစ်ခုခုရှိနေတာလားဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲ ဆက်ကြည့်လိုက်ကြပါဦးနော်။ IMDb 5.3ရထားတဲ့ ကားကောင်းလေးဖြစ်ပြီး ရိုက်ကူးထားသူကတော့ ဒါရိုက်တာ B. Unnikrishnanပဲဖြစ်ပါတယ်။ အခုပဲ CM ပရိသတ်ကြီးကိုတင်ဆက်ပေးလိုက်ပါပြီ File size…3.4GB / 1.6GB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 47mins Subtitle….Myanmar Subtitlte (Hard Sub) Encoder….YK Translated by Poe & Yunni & Eaint
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |