
ဇာတ်လမ်းလေးကတော့ လေလံပွဲတစ်ခုမှာ ရှေးဟောင်းရုပ်ထုကို လေလံဆွဲကြတာနဲ့ စတင်ထားပြီး အဲ့ထဲမှာ serial killer ဖြစ်တဲ့ဘရုစ်က သူ့ဝယ်လက်တွေနဲ့ တိုင်ပင်ပြီး ဈေးအပြိုင်ဆွဲနေပေမယ့် ကိတ်ဆိုတဲ့ အမျိုသမီးက လေလံအောင်သွားပါတယ်။ အဲ့ဒီနောက်တော့ ဘရုစ်က ကိတ်ဆီကိုသွားပြီး သူဝယ်တဲ့ဈေးကို နှစ်ဆပေးပြီး သူ့ရဲ့ ဝယ်လက်တွေက ဝယ်ချင်ကြောင်းပြောပြီးတော့ ညှိနှိုင်းပါတယ်။ ဒီလိုနဲ့ ကိတ်အိမ်ထဲရောက်သွားပြီးတော့ ဘရုစ်ရဲ့ စိတ်တွေဖောက်ပြန်လာပြီး ကိတ်ကို သတ်လိုက်ပါတယ်။ နောက်ပိုင်းမှာဘရုစ်ဟာနောက်ထပ် အမျိုးသမီးတွေကို တစ်မျိုးပြီး တစ်မျိုး မြူဆွယ်ပြီး လိုက်သတ်ပါတော့တယ်။ အဲ့ဒီနောက်မှာလည်း စိတ်ရောဂါကနေ ပြန်လည်သက်သာလာတဲ့ မာရီဒိသ်နဲ့ တွေ့ဆုံပြီး နောက်တစ်ယောက်အကြောင်း တစ်ယောက်သိအောင်လို့ ဘရုစ်က မာရီဒိသ်ကို အပြင်ကိုခေါ်ထုတ်ပြီး သူ့ရဲ့ မာယာကျော့ကွင်းထဲကို ရောက်အောင်သိမ်းသွင်းဖို့ ကြိုးစားတဲ့အခါ ... အရင်အခေါက်တွေလိုပဲ သတ်ပစ်လိုက်နိုင်မလား? အမျိုးသမီးတွေအတွက် တရားမျှတမှုနဲ့ အမှန်တရားကို မဖော်ထုတ်နိုင်တော့ဘူးလား ဆိုတာကိုတော့ ဒီ Horror ဇာတ်လမ်းလေးထဲ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Tin Myo Lwin ပါ။) File Size : 3.3GB, 575MB, 298MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr 31mins Genre : Horror Translated by Tin Myo Lwin Encoded by Kinnov