
ဟိုးငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ရင်းနှီးခဲ့ကြတဲ့ အထက်တန်းကျောင်းသားနဲ့ ကျောင်းသူလေးတို့ နှစ်ယောက်သားအရမ်းချစ်ခဲ့ကြတယ် တစ်နည်းပြောရရင် ငယ်ချစ်ဦးတွေပေါ့ ဒါပေမယ့်လည်း အကြောင်းကြောင်းကြောင့် ကွဲသွားကြတယ် ဒီလိုနဲ့ကောင်မလေးက ဆိုးလ်မှာအလုပ်လုပ်နေရင်း သူ့မှာ ကင်ဆာရောဂါနောက်ဆုံးအဆင့်ဖြစ်နေတာ သိလိုက်ရတော့ နယ်မြို့လေးဆီပြန်လာခဲ့တယ် ငယ်သူငယ်ချင်းတွေနဲ့ဆုံဖြစ်တော့ ငယ်ချစ်ဦးလေးလည်းပါတာပေါ့နော် ကောင်လေးမှာက အယ်ဇိုင်းမားဖြစ်နေတယ် ကောင်မလေးက ကင်ဆာနောက်ဆုံးအဆင့်ရောဂါသည် နှစ်ယောက်လုံးက ချစ်ရက်နဲ့လမ်းခွဲခဲ့ကြရတော့ ကောင်လေးဘက်ကကျ ကျန်ရှိနေတဲ့အချိန်ကို နှစ်ယောက်အတူဖြတ်သန်းချင်တယ် ကောင်မလေးကကျ ကောင်လေးကိုသနားလည်းသနားမိသလို အားလည်းနာတဲ့အတွက် လက်မခံချင်ဘူး နှစ်ယောက်သား သူတို့ဘဝရဲ့လက်ကျန်အချိန်တွေကို သီးသန့်စီပဲဖြတ်သန်းဖြစ်ကြမလား အတူတူအနားမှာရှိနေပေးကြရင်း ကုန်ဆုံးကြမလားကိုတော့ ကိုယ့်ဘာသာကိုယ်ပဲကြည့်လိုက်ကြပါတော့ မင်းသားက ZE:A အဖွဲ့ထဲကပါ မင်းသမီးကတော့ ဟိုတလောကပြီးသွားတဲ့ Devil Judge ထဲက supporting actress ပါ နှစ်ယောက်လုံးက ပရိတ်သတ်တွေရင်းနှီးပြီးသားသူတွေချည်းပါပဲ ဇာတ်လမ်းတစ်ခုလုံးက အဆွေးအမြည့်တွေချည်းမဟုတ်သလို အချိန်ပြည့် ရိုမန်တစ်ဆန်နေတာလည်း မဟုတ်ပါဘူး ကောင်မလေးနဲ့ပတ်သက်သမျှသေးသေးလေးတွေကအစ အသေးစိတ်မှတ်ထားတတ်တဲ့ ကောင်လေးရယ် ဂရုမစိုက်ဘူး မချစ်ဘူးထင်ရပေမယ့် ရင်ထဲအသည်းထဲကနေ နှစ်နှစ်ကာကာချစ်နေတဲ့ ကောင်မလေးရယ် ကြည့်နေရင်းကို ကြည်နူးမှုကြောင့်ရင်ထဲနွေးသွားမှာပါ Quality : FHDRip 1080p Format : mp4 During : 1h 41min Genres : Drama , Romance Subtitle : Myanmar Subtitle ( Hardsub ) Translated By Saint Thiri Encoded By LK
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.4GB | Download | |
| 1080p | 1.4GB | Download | |
| 1080p | 1.4GB | Download | |
| 1080p | 1.4GB | Download | |
| 1080p | 1.4GB | Download | |
| 1080p | 1.4GB | Download | |
| 720p | 659.8MB | Download | |
| 720p | 659.8MB | Download | |
| 720p | 659.8MB | Download | |
| 720p | 659.8MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.2 / 10
Director