
ကြည်နူးစရာကောင်းတဲ့ ခရစ္စမတ်ရုပ်ရှင်လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်ကားနာမည်က A very Vermont Christmas ဖြစ်ပြီး ၂၀၂၄ ခုနှစ်ကမှ ထွက်ရှိထားတဲ့ Romance/ Familiy ဇာတ်ကားလေးတစ်ခုပါ။ ဘီယာနှစ်သက်သူများ ဒီဇာတ်ကားကို သဘောကျမှာ သေချာပါတယ်။ ဗားမွန့်ဒေသက မိသားစုဘီယာလုပ်ငန်းတွေကို အခြေတည်ပြီး ခရစ္စမတ် အငွေ့အသက်တွေ ထုံမွှန်းထားတဲ့ မိသားစုနဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဗားမွန့်က နှင်းလျှောစီးစခန်းမြို့လေးဖြစ်တဲ့ Maple Glen မှာ Mongul Joe’s ဆိုတဲ့ ဘီယာဆိုင်နဲ့ ဘီယာချက်ရုံလေးတစ်ခုရှိပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ဖြစ်သူ Joe တည်ထောင်ခဲ့တဲ့ ဒီ Craft Beer လုပ်ငန်းလေးကို သမီးဖြစ်သူ Joy က အမေဖြစ်သူနဲ့အတူ ဆက်လက်လည်ပတ်နေတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ အင်အားကြီး ဘီယာကုမ္ပဏီတွေရဲ့ စျေးကွက်လက်ဝါးကြီး အုပ်မှုကြောင့် တစ်ပိုင်တစ်နိုင် Craft Beer လုပ်ငန်းလေးတွေ အကြပ်ရိုက်ပြီး သူတို့ပိုင်လုပ်ငန်းလေးတွေကို ကုမ္ပဏီကြီးတွေထံ ထိုးအပ်ရမလိုဖြစ်နေပါတယ်။ အဲဒီအချိန်မှာပဲ Zac ဆိုတဲ့ မျက်နှာစိမ်းဧည့်သည်တစ်ယောက်နဲ့ Joy တို့ ခင်မင်ရင်းနှီးသွားကြပြီး Zac က တကယ်တမ်းမှာ Joy တို့နဲ့ ပြိုင်ဘက် ဘီယာကုမ္ပဏီမှာ လုပ်ကိုင်နေသူမှန်း သိလိုက်ရပါတယ်။ တစ်ချိန်တည်းမှာ နှင်းလျှောစီးဘီယာပြိုင်ပွဲ ကျင်းပဖို့ရှိနေပြီး ဒီပြိုင်ပွဲမှာ အနိုင်လိုက်ရင် Joy တို့ မိသားစုလုပ်ငန်း ဆက်လက်ရပ်တည်နိုင်မှာဖြစ်လို့ Zac ရဲ့ အကူအညီယူပြီး ဘီယာအသစ်တစ်ခုမျိုးကို ဖန်တီးဖို့ကြိုးစားပါတော့တယ်။ ခရစ္စမတ်၊ ဘီယာနဲ့ နှင်းလျှောစီးအားကစား theme သုံးခု ပေါင်းစပ်ထားတဲ့ ကြည်နူးစရာ အချစ်ရုပ်ရှင်လေးဖြစ်ပြီး ပေါ့ပေါ့ပါးပါး ကြည့်ရှုနိုင်မဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ ကြာချိန်ကလည်း တစ်နာရီခွဲတောင် မပြည့်တာမို့ စိတ်ပင်ပန်းနွမ်းနယ်နေသူတွေ ကြည့်ပျော်မဲ့ အမေရိကန် Family/ Romance ဇာတ်ကားလေးဖြစ်ပါတယ်။ File size…(1.4 GB)/(814 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre… Romance, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 720p | 814 MB | Download | |
| 720p | 814 MB | Download | |
| 720p | 814 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director