
ဒီကားလေးကတော့ ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ ပြင်သစ်စကားပြော stop motion animated ဇာတ်ကားလေးဖြစ်ပါတယ်။ သမားရိုးကျ animation ကားမဟုတ်ဘဲ ပလတ်စတစ်အရုပ်တွေကိုအသုံးပြုထားတဲ့အပြင်ဇာတ်လမ်းတည်ဆောက်ရာမှာလည်း ပုံမှန်မဟုတ်တဲ့ non sensical storyline ဇာတ်အိမ်ပုံစံမျိုးဖြစ်ပြီး Physical Comedy လို့ခေါ်တဲ့ လှုပ်ရှားမှုများများသုံးပြီး ဟာသကိုသရုပ်ဖော်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အင်ဒီးယန်း၊ ကောင်းဘွိုင်နဲ့ မောင်မြင်းဆိုတဲ့ ပလတ်စတစ်ရုပ်ကလေးသုံးရုပ်က ကျေးလက်ဒေသက ရွာလေးတစ်ရွာမှာ အတူနေကြပါတယ်။ တစ်နေ့ မောင်မြင်းရဲ့မွေးနေ့မှာ အင်ဒီးယန်းနဲ့ ကောင်းဘွိုင်တို့က မွေးနေ့လက်ဆောင်မဝယ်ရသေးမှန်းသတိရပြီး အများနဲ့မတူတဲ့ လက်ဆောင်တစ်ခုပေးဖို့ ရေးကြီးသုတ်ပျာပြင်ဆင်ကြပါတယ်။ လက်ဆောင်အဖြစ် ဘာဘီကျူးလုပ်တဲ့ အကင်ဖိုတစ်ခုတည်ဆောက်ဖို့ ဆုံးဖြတ်လိုက်ပြီး လိုတဲ့အုပ်ချပ်ရေ ၅၀ ကို အွန်လိုင်းကနေမှာယူလိုက်ပါတယ်။ ဒါပေမဲ့ အမှားအယွင်းဖြစ်ပြီး အုတ်ချပ်၅၀ အစား သန်း၅၀ ရောက်လာရာက အစပြုပြီး ပြဿနာတွေတစ်ခုပြီးတစ်ခုတက်ကာ သူငယ်ချင်းသုံးယောက် တလွဲတွေဖြစ်ကြုံရတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားက Adventure/Comedy အပြင် Farce လို့ခေါ်တဲ့ ဗရုတ်သုတ်ခဟာသပြဇာတ်ပုံစံကိုမှ ယုတ္တိနည်းမကျတဲ့ Non sensical ဟာသတွေကို အသုံးပြုထားတာကြောင့် ပုံမှန်နဲ့မတူဘဲ ကွဲထွက်နေပါတယ်။ ဥပမာ မြင်းအိမ်နဲ့နေပြီး လူလိုရေချိုးတဲ့အခန်းမျိုးကို ယုတ္တိမရှိပေမဲ့ ကြည့်လို့ကောင်းအောင် ပုံဖော်ထားတာမျိုး၊ ခေါင်းပြောင်သိပ္ပံပညာရှင်နှစ်ယောက်က ဧရာမပင်ဂွင်းရုပ်ကြီးဆောက်ပြီး ဧရာမနှင်းလုံးကြီးတွေနဲ့ မဆီမဆိုင် ပလိန်းကြီးလိုက်ပစ်နေတာမျိုးတွေပါ။ ဒါကြောင့် သမားရိုးကျ Animated ရုပ်ရှင်တွေလို ယုတ္တိမတန်ဘူးလို့ မြင်ကောင်းမြင်ပါလိမ့်မယ်။ ဇာတ်အိမ်ကရိုးရှင်းပေမဲ့ ဇာတ်လမ်းကို အသေးစိတ်ပြင်ဆင်တည်ဆောက်ထားလို့ ဇာတ်အိမ်က ပေါ့ပါးပြီးပြေပြစ်ပါတယ်။ ခြုံပြောရရင် stop motion ဖြစ်တဲ့အပြင် ပလတ်စတစ်အရုပ်အစစ်တွေကို ပုံဖော်ရိုက်ကူးထားတာဖြစ်လို့ ကလေးကိုမှ ငယ်ငယ်လေးတွေပဲ ကြည့်ဖို့ရိုက်ကူးထားတယ်လို့ ထင်နိုင်စရာရှိပေမဲ့ ပရိတ်သတ်အရွယ်အားလုံးကြည့်ရှုနိုင်ပါတယ်။ ပရိသတ်အားလုံးအတွက်တော့ မဟုတ်ပေမဲ့ stop motion ရုပ်ရှင်တွေကို ကြိုက်နှစ်သက်ရင်တော့ မဖြစ်မနေကြည့်ရှုသင့်ပါတယ်။ ဇာတ်လမ်းကလည်း တစ်နာရီစွန်းစွန်းစာပဲရှိတာကြောင့် ဥရောပ Animated ဇာတ်ကားတွေကိုမြည်းစမ်းလိုသူများလည်း ကြည့်ရှုသင့်တဲ့ဇာတ်ကားမျိုးပါ။ File size…(994 Mb)/(497 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:15:00 Genre…Animation, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 994 Mb | Download | |
| 1080p | 994 Mb | Download | |
| 1080p | 994 Mb | Download | |
| 1080p | 994 Mb | Download | |
| 720p | 497 Mb | Download | |
| 720p | 497 Mb | Download | |
| 720p | 497 Mb | Download | |
| 720p | 497 Mb | Download | |
| 720p | 497 Mb | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.4 / 10
Director