
A Tourist’s Guide to Love (2023) ~ Rotten Tomatoes – 71% ~ ဒီဇာတ်ကားကတော့ American နဲ့ Asian ဒရာမာနှစ်မျိုးလုံးကို ပေါင်းစပ်တင်ဆက်ပေးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင်တော့ တစ်ချိန်က She’s All That ဇာတ်ကားနဲ့ နာမည်ကျော်ခဲ့ဖူးပြီး အခုလက်ရှိမှာတော့ Producer Writer အဖြစ်နဲ့ပါ လုပ်ကိုင်နေတဲ့ Racheal Leigh Cook ကနေ ဇာတ်ဆောင်မင်းသမင်းအဖြစ်ပါဝင်ထားပါတယ်။ တစ်ဖက်မှာတော့ ဗီယက်နမ်သွေးပါတဲ့ အမေရိကန်မင်းသား Scotty Ly က ဇာတ်ဆောင်မင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အမန်ဒါရိုင်လေ ဆိုတဲ့ အမျိုးသမီးလေးဟာ မကြာခင်ကမှ အူကြောင်ကြောင်ရည်းစားနဲ့ မထင်မှတ်ဘဲလမ်းခွဲခဲ့ရပါတယ်။ ဒီအခါမှာ သူဟာ စိတ်ထွက်ပေါက်လည်းရ၊ အလုပ်အတွက်ပါ ခွင်တည့်တယ်ဆိုပြီး ဗီယက်နမ်မှာ ခရီးသွားလုပ်ငန်းအကြောင်း သွားစုံစမ်းဖို့သွားပါတော့တယ်။ ဒီလိုနဲ့ပဲ ဗီယက်နမ်ရောက်တဲ့အခါ ဆင်းဆိုတဲ့ သူက သူ့ရဲ့ခရီးသွားအကြံပေးအနေနဲ့ စောင့်နေခဲ့ပါတယ်။ ဖြစ်ချင်တော့ ဆင်းက အမန်ဒါတကယ်သွားစုံစမ်းရမယ့် ကုမ္ပဏီအတွက် အလုပ်လုပ်နေခဲ့တာပေါ့။ ဒီလိုနဲ့ပဲ တဖြေးဖြေးနဲ့ ဆင်းနဲ့ အမန်ဒါတို့ ဗီယက်နမ်ကို လည်ပတ်ရင်းနဲ့ အချင်းချင်း ချစ်သက်ဝင်လာကြပါတော့တယ်။ အဲဒီအခါမှာ အမန်ဒါတစ်ယောက် သူ့ကုမ္ပဏီအတွက်ပဲ ယုတ္တိကျကျ ဆုံးဖြတ်ချက်တွေချနိုင်မှာလား… ဆင်းရဲ့ ချောမောမှုတွေကြားမှာ မျောပြီး နှလုံးသားစေရာနောက် လိုက်သွားမလား… ဘာတွေ ဘယ်လိုဆက်ဖြစ်လာမှာလဲ… ဆိုတာကို ဒီဇာတ်ကားထဲမှာ ရင်ခုန်စောင့်မျှော်နေရမှာပဲဖြစ်ပါတယ်။ America မှာ ဖြစ်လေ့ရှိတဲ့ RS ပြဿနာတွေ လူတွေရဲ့အခက်အခဲကို ပြသပေးနိုင်တဲ့အပြင် အာရှရဲ့ ယဉ်ကျေးမှုအမွေအနှစ်များလှတဲ့ ဗီယက်နမ်နိုင်ငံရဲ့ သဘာဝအလှတရား၊ ရှေးဟောင်းအမွေအနှစ်တွေကိုပါထည့်ရိုက်ကူးထားပြီး ပီပြင်အောင် ပေါင်းစပ်သရုပ်ဖော်ထားနိုင်တဲ့ဇာတ်ကားဖြစ်လို့ ရိုချင် ရယ်ချင်တဲ့သူတွေအတွက် ရသမျိုးစုံပေးစွမ်းနိုင်မယ့် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 765MB Quality – 1080p, 720p IMDb Rating – 5.7/10 Format – mp4 Duration – 1H 34Min Genre – Adventure, Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 720p | 765MB | Download | |
| 720p | 765MB | Download | |
| 720p | 765MB | Download | |
| 720p | 765MB | Download | |
| 720p | 765MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
5.7 / 10
Director