
ဇာတ်လမ်းအကျဉ်းကတော့ စစ်ပွဲတွေဖြစ်တဲ့အခါအစိုးရက မြေတွေကိုရောင်းချတယ် ရောင်းချလိုက်တဲ့မြေတွေက ဘာစိုက်စိုက်မဖြစ်ထွန်းပါဘူး။ လူလာတို့မိသားစုဟာ မြေဧက ၄၀ ကိုဝယ်ပြီးတော့ အရင်နေရာဟောင်းကနေပြောင်းရွှေ့လာတယ်။ ဒီမြေကိုပြုပြင်ပြီး ဒီမြေတွေလုပ်ကိုင်စားသောက်မယ်လို့တွေးထားတယ်။ သူတို့ဝယ်လိုက်တဲ့ မြေတွေဟာ ကျိန်စာသင့်နေတယ်လို့လူအများကပြောကြတယ်။ အနီးအနားပတ်ဝန်းကျင်ကလည်း အမြဲတမ်းအထိတ်တလန့် ရန်လိုတဲ့အပြုအမူတွေချည်းပဲ။ သူတို့နဲ့စကားလာပြောဆိုတာဆိုလို့ လယ်ကွင်းရဲ့တစ်ဖက်အကျော်က တိုင်ရွန်တစ်ယောက်ပဲရှိတယ်။ သူတို့ဝယ်ထားတဲ့အိမ်ကို ပြောင်းရွှေ့ပြီးသိပ်မကြာခင်မှာပဲအိမ်မှာထူးဆန်းတဲ့အသံတွေစကြားလာတယ်၊နောက်ပိုင်းမှာ ဘာကြောင့်မှန်းမသိ လူလာရဲ့အစ်ကိုဟာ ကြက်သေသေလိုချည်းဖြစ်သွားတယ်။ စကားလည်းမပြော ဘာမှလည်းမတုံပြန်ဘူး။ ဒီလိုထူးဆန်းမှုတွေတစ်ခုပြီးတစ်ခုစဖြစ်လာတဲ့အခါမှတော့…. File size…1.32GB / 575MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin