
IMDb 7.5/10 Rotten tomato 91% ဒီဇာတ်ကားကတော့ Scott B.Smith ရဲ့ ၁၉၉၃ခုနှစ်နှစ်ကထွက်ထားတဲ့ဝတ္ထုကိုသူကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာ Sam Raimiကရိုက်ကူးထားပါတယ် ။နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Billy BobThornton (ဘီလီဘော့သွန်တန်)၊Bill Paxton(ဘီလ်ပက်စ်တန်)နဲ့ Bridget Fonda(ဘရစ်ဂျစ်ဖောင်ဒါ)တို့ပါဝင်ထားပါတယ်။ ဘီလီဘော့သွန်တန်က ဇာတ်ပို့ဆုအတွက်အော်စကာနဲ့ရွှေကမ္ဘာလုံးဆုအတွက်နာမည်စာရင်းတင်သွင်းခံရသလိုအခြားဆုတွေရထားပါတယ်။Best Adapted Screenplay အတွက်လည်းရွှေကမ္ဘာလုံးဆုအမည်စာရင်းတင်သွင်းခံရပါ တယ်။အစပိုင်းကြည့်လိုက်ရင်တော့ သာမန်ဇာတ်ကားတစ်ကားလို့ထင်ရပေမဲ့ တစ်ဖြည်းဖြည်းဇတ်ရှိန်မြင့်လာတဲ့အခါ မထင်မှတ်တဲ့အလှည့်အပြောင်းလေးတွေနဲ့တကယ်ကိုကြည့်ကောင်းတဲ့ဇာတ်ကားဖြစ်လာပါတယ်။ လူတွေအများစုက ငွေရှိရင်အကုန်ပြည့်စုံပျော်ရွှင်မယ်ထင်ကြတယ်။အဲဒီတော့ငွေထုတ်ကြီးကောက်ရပြီးပျော်လိုက်ရလားကြည့်ကြရအောင်။ဒီဇတ်ကားကတွေးစရာတွေလည်းအများကြီးပေးပါတယ်။ပုထုဇဥ်လူတွေဟာကိုယ့်အတ္တနဲ့ယှဥ်လာရင်သူငယ်ချင်းဆိုတာမရှိ ညီအကိုဆိုတာတောင်မရှိတော့ဘူးဆိုတဲ့အဆုံးအမတွေကိုလည်းသတိရမိတယ်။အထက်တန်းတုန်းကသင်ရတဲ့ မဟောသဓာဇာတ်တော်မှာလျို့ဝှက်ချက်ဆို အိမ်ကမိန်းမကိုတောင်မပြောနဲ့ မယုံရဘူးဆိုတာကိုလည်းသတိရမိတယ်။ကိုယ်မကောင်းတာလုပ်ထားရင် ဘယ်သူမသိသိကိုယ်တော့သိတယ် နောင်တရတတ်ရတယ်ဆိုတာကိုဒီဇာတ်ကားမှာပြထားပါတယ်။ လူတွေကတော့ အမရိကန်နိုင်ငံဆိုတာနတ်ဘုံလိုလိုထင်နေကြပေမဲ့ လူတန်းစေ့နေနိုင်ဖို့မနည်းရုန်းကန်နေရတဲ့မိသားစုဘဝတွေကို စကားလုံးတွေကမီးမောင်းထိုးပြထားပါတယ်။ယာတွေလယ်တွေပေါင် ကောလိပ်ထားရပြီး ရ လာတဲ့အလုပ်ရဲ့လစာကတော့မနည်းလူတန်းစေ့အောင်ရုန်းကန်နေရတယ်ဆိုတာလည်းတွေ့ရမှာပါ။သရုပ်ဆောင်တွေက မျက်လုံး၊မျက်နှာပေးတွေနဲ့သရုပ်ဆောင်တာတစ်အားကောင်းပါတယ်။တေးဂီတကလည်း ဇာတ်ကားကိုပံ့ပိုးပေးထားပါတယ်။ ဇာတ်လမ်းအကျဥ်း ဟန့်ခ်နဲ့ ဂျေကော့ဖ်ကညီအကိုတွေဖြစ်တယ်။ဟန့်ခ်ကတိရစ္ဆာန်အစာစက်ရုံတစ်ခုမှာ စာရင်းကိုင်လုပ်ပြီး သူ့မိန်းမဆာရာက စာကြည့်တိုက်မှာအလုပ်လုပ်ပါတယ်။ သူတို့မကြာခင်သမီးဦးလေးရတော့မှာပါ။ ဂျေကော့ဘ်မှာ အချစ်ဆုံးသူငယ်ချင်း လူးဆိုတာရှိပါတယ်။ လူးမှာအချစ်ဆုံးခွေးကြီး မေရီဘက်သ်ဆိုတာရှိပါတယ်။တစ်နေ့ သူတို့သုံးယောက် ဟန့်ခ်တို့ရဲ့အဖေရဲ့ အုတ်ဂူမှာနှစ်ပတ်လည်အတွက်ပန်းစီးသွားချကြရင်းအပြန် သဘာဝကာကွယ်တောနားမှာမြေခွေးတစ်ကောင်ကြောင့်ကားချော်သွားပြီး နည်းနည်းပျက်စီးသွားလို့ မြေခွေးနောက်ကိုလိုက်ကြရင်းလေယာဥ်ပျက်တစ်စီးကိုမမျှော်လင့်ဘဲသွားတွေ့ပါတယ်။ လေယာဥ်မှူးကသေနေပါပြီ။ အားကစားအိတ်နဲ့အပြည့် ဒေါ်လာတစ်ရာတန်တွေကိုတွေ့လို့ယူမယ်မယူဘူး အပ်မယ်မအပ်ဘူး ငြင်းခုံရင်းနောက်ဆုံး ဟန့်ခ်ကသိမ်းထားဖို့ဆုံးဖြတ်လိုက်ပါတယ်။ကိစ္စတစ်ခုခုပေါ်လာရင်တစ်ယောက်ယောက်ကလိုက်ရှာရင်မီးရှို့ပစ်မယ်။ဘယ်သူကမှလိုက်မရှာရင် ပြဿာနာမရှိရင် ခွဲယူကြမယ်လို့သဘောတူလိုက်ကြပါတယ်။ဆာရာကဟန့်ခ်ကိုအကြံပေးလို့ ဆာရာအကြံပေးတာကိုလိုက်လုပ်ရင်း မမျှော်လင့်တာတွေနဲ့ကြုံရရပြီးအဲဒါတွေကိုဖြေရှင်းဖို့ကြိုးစားရင်းကိစ္စတွေက ရှုပ်ထွေးလာပါတယ်။ဘာတွေဆက်ဖြစ်မယ် ဘယ်လိုရှင်းကြမယ်ဆိုတာ ပရိသတ်များဖန်သားပြင်ပေါ်မှာဆက်ကြည့်နိုင်ပါတယ်။ ရင်နာစရာဇာတ်ဝင်ခန်းတွေ ကြေကွဲစရာဇာတ်ဝင်ခန်းတွေကတော့ ဇာတ်ကားရဲ့ဇာတ်ရှိန်အမြင့်ဆုံးအခန်းတွေပါ။ဇာတ်ကောင်တွေရဲ့နေရာကိုရောက်သွားပြီးကိုယ်ပါရောကြေကွဲပြီးရင်နာသလို ဖြစ်သွားတာကတော့ စာရေးဆရာ၊ဒါရိုက်တာ၊ သရုပ်ဆောင်တွေတော်လို့ပဲလို့ပြောရပါမယ်။ File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Crime, Drama,Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Khin Sakar Khin
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.2 GB | Download | |
| 1080p | 2.2 GB | Download | |
| 720p | 1.2 GB | Download | |
| 720p | 1.2 GB | Download | |
| 720p | 1.2 GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director