
IMDb 7 / Rotten Tomatoes 89% အပြင် ဆုပေါင်း ၁၇ ခုကိုသိမ်းပိုက်နိုင်ခဲ့ပြီး အော်စကာ ၂ ဆုအတွက်ပါ ဆန်ကာတင်ရွေးချယ်ခံခဲ့ရတဲ့ ကားဟောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ခင်ဗျားတို့ဘ၀မှာ တချိန်တည်းမှာ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ရင်ဆိုင်ရမယ်ဆိုရင် ခင်ဗျားတို့ဘယ်လိုများရင်ဆိုင်ကျော်လွှားဖို့ကြိုးစားကြမလဲ။ ဒီရုပ်ရှင်ထဲက ဂျူးလူမျိုး ရူပဗေဒပါမောက္ခတစ်ဦးဖြစ်တဲ့ လယ်ရီဂေါ့ပ်နစ်ခ်ကလည်း သူ့ရဲ့သာယာနေတဲ့ဘ၀လေးထဲကို ပြဿနာပေါင်းစုံ၀င်လာလို့ ဒုက္ခပင်လယ်ဝေခဲ့ရတဲ့သူပါ။ လယ်ရီဂေါ့ပ်နစ်ခ်က တက္ကသိုလ်မှာ ရူပဗေဒဘာသာရပ်ကိုသင်ကြားရင်း မိသားစုကိုဦးဆောင်နေတဲ့ ကလေးနှစ်ယောက်အဖေ အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ တစ်ရက်မှာတော့ လယ်ရီ့ရဲ့ ပါဆင်နယ်ရော ပရော်ဖက်ရှင်နယ်ဘ၀ထဲကိုပါ မထင်မှတ်ထားတဲ့ ပြဿနာအရှုပ်ထုပ်ပေါင်းစုံက တချိန်တည်းမှာဆိုက်ဆိုက်မြိုက်မြိုက်ကြီး၀င်ရောက်လာတဲ့အခါမှာတော့ လယ်ရီတစ်ယောက် ရရာကောက်ရိုးလေးတမျှင်ကိုဆွဲပြီး ဒီအခက်အခဲတွေကို အံတုရင်ဆိုင်ဖြေရှင်းဖို့ ကြံရပါတော့တယ်။ လယ်ရီနေရာမှာသရုပ်ဆောင်ထားတဲ့ Michael Stuhlbarg ဟာဆိုရင်လည်း ၁၉၉၀ နဲ့ ၂၀၀၀ခုနှစ်ကျော်အတွင်းမှာ ရုပ်ရှင်ကားကောင်းတွေကိုရိုက်ကူးခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကြီးဆိုတော့ အက်တင်ဘာညာကတော့ ကြည့်မကောင်းမှာမပူရပါဘူး။ ရုပ်ရှင်ပြီးသွားတဲ့အထိကို ဘာဆက်ဖြစ်မလဲဆိုတာကို ပရိတ်သတ်ကိုဆက်ပြီး အတွေးနယ်ချဲ့ခိုင်းစေပြီး ချန်ထားခဲ့မယ့်ရုပ်ရှင်မျိုးပါ။ ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးတွေနှောပြီးရိုက်ကူးထားတဲ့ ရူပဗေဒပါမောက္ခကြီးရဲ့အလွဲတွေကို သေချာပေါက် အချိန်ပေးရှုစားကြည့်ဖို့တန်ကြောင်း အကြံပေးလိုက်ရင်းနဲ့ပဲ… File size…(1.8 GB)/(830 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:46:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 720p | 830 Mb | Download | |
| 720p | 830 Mb | Download | |
| 720p | 830 Mb | Download | |
| 720p | 830 Mb | Download | |
| 720p | 830 Mb | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.0 / 10
Director