
Christmas နီးလာပြီဆိုတော့ Christmas နဲ့ပတ်သက်တဲ့ဇာတ်ကားလေးတွေ အပြိုင်အဆိုင်ထွက်လာတဲ့အချိန်ပေါ့။ ဒီတစ်ခါဇာတ်ကားလေးကတော့ မိသားစုနဲ့ကြည့်လို့ကောင်းမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ A Reason For A Season ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ Elizabeth Lane လို့ခေါ်တဲ့ Single Mother လေးတစ်ယောက်ဟာ သူမရဲ့အိမ်မက်ဖြစ်တဲ့ အလှကုန်ပစ္စည်းကုမ္မဏီကြီးတည်ထောင်ချင်တဲ့အတွက် တစ်အိမ်ဝင်တစ်အိမ်ထွက် ဈေးလိုက်ရောင်းနေတဲ့သူပါ။ သူမဟာ Christmas ညမှာ ကိုယ်ဝန်ကြီးနဲ့ ဈေးရောင်းနေတုန်း ဗိုက်နာလာတဲ့အတွက် Brookswood လို့ခေါ်တဲ့မြို့လေးမှာဝင်နားခဲ့ရပါတယ်။ စိတ်ကောင်းရှိတဲ့ မြို့သားတစ်စုဟာ စားသောက်ဆိုင်ထဲမှာ အစည်းဝေးလုပ်နေတုန်း Elizabeth အကူညီလိုတဲ့အခါ သူမကို စိတ်ရင်းအမှန်နဲ့ ကူညီပေးခဲ့တဲ့အတွက် Elizabeth ရော ကလေးပါအသက်ရှင်ခဲ့ရပါတယ်။ Elizabeth က သူ့သမီးလေးမွေးတဲ့ Christmas Eve နေ့ကိုအစွဲပြုပြီး Evie လို့ နာမည်ပေးခဲ့ပါတယ်။ ၃၅နှစ်ကြာတော့ Elizabeth ဟာ သူ့တို့သားအမိကိုကူညီခဲ့တဲ့ Brookswood မြို့ကမြို့သူမြို့သားတွေကို ပြန်ကျေးဇူးဆပ်ဖို့ Evie ကိုလွှတ်လိုက်ပါတယ်။ Evie တစ်ယောက် ယောင်ချာချာနဲ့ရောက်သွားခဲ့ပေမဲ့ Kyle Newman လို့ခေါ်တဲ့ရှေ့နေနဲ့တွေ့ပြီး သူတို့ကိုကူညီခဲ့တဲ့ လူတွေကိုပြန်လာရှာဖွေပြီး ကျေးဇူးဆပ်ကြပုံကို ကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားက အက်ရှင်ခန်းတွေ plot twist တွေမပါဘဲ Green Book တုန်းကလို Positive energy တွေရစေမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အရာရာကို အကောင်းမြင်တတ်တဲ့ Brookswood မြို့သားတွေအနေနဲ့ Evie လေးအတွက်ဘဝသင်ခန်းစာရအောင် ဘယ်လိုကူညီပေးသွားမလဲဆိုတာကို ပေါ့ပေါ့ပါးပါးလေးကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ IMDb မှာလည်း 7.3 အထိရထားပြီး ပူပူနွေးနွေးထွက်ရှိထားတဲ့ Christmas ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…(1.6 GB)/(875 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Romance, TV Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by S4L
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.6 GB | Download | |
| 1080p | 1.6 GB | Download | |
| 1080p | 1.6 GB | Download | |
| 720p | 875 MB | Download | |
| 720p | 875 MB | Download | |
| 720p | 875 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director