
ဒီရုပ်ရှင်လေးကတော့ ဟာသ ဒရာမာ အမျိုးအစားပါပဲ။ ခွက်ထိုးခွက်လန်ရီရမယ့် ဟာသမျိုးတွေ မဟုတ်ပါဘူး။ ရယ်ရခက် ငိုရခက် ကိုးရိုးကားယား ဟာသမျိုးတွေပါပဲ။ အချစ်ဇာတ်လမ်းလေးကလည်း တစ်မျိုးဆန်းပါတယ်။ သရုပ်ဆောင်တွေကတော့ သိတဲ့သူများမှာပါ။ တင်မိုသီ၊ အယ်လ်ဖန်းနင်း၊ ဆယ်လီနာဂိုးမက်ဇ်၊ ဂျုလော တို့ ပါပါတယ်။ ဇာတ်လမ်းလေးကတော့ ဂတ်စ်ဘီဆိုတဲ့ နယူးယောက်ကလာတဲ့ ကောလိပ်ကျောင်းသားလေးမှာ အက်ရှ်လိဆိုတဲ့ ချစ်သူကောင်မလေး တစ်ယောက်ရှိတယ်။ တစ်နေ့မှာ အက်ရှ်လိဟာ ကျောင်းသတင်းစာအတွက် နာမည်ကျော် ဒါရိုက်တာ ရိုလန်ပိုလက်နဲ့ တစ်နာရီ အင်တာဗြူးခွင့်ရခဲ့ပါတယ်။ ဒီတော့ ရိုလန်ရှိတဲ့ နယူးယောက်ကို စုံတွဲအတူခရီးထွက်ရင်း အပန်းဖြေကြဖို့ စီစဉ်လိုက်ကြတယ်ပေါ့။ ဒါပေမယ့် ဟိုရောက်တော့ အက်ရှ်လိက ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာ၊ နာမည်ကျော်မင်းသားတွေနဲ့ ပေါက်ကရအလွဲတွေကြုံပြီး၊ ဂတ်စ်ဘီကလည်း သူ့ရည်းစားဟောင်းရဲ့ ညီမလေးနဲ့ နယူးယောက်ရဲ့ မိုးရေတွေထဲမှာ ပေါက်ကရတွေ ထပ်ကြုံရတယ်ပေါ့။ ဇာတ်လမ်းလေးကလှပါတယ်။ ဒိုင်ယာလော့တွေလည်း ကောင်းတယ်။ ကြည့်ရတာ ကသိကအောက်နဲ့ ချစ်စရာကောင်းပါတယ်။ ကြိုက်ကြမှာပါ။ File Size : ( 868 MB , 299 MB ) Quality : Web-DL 720p Running Time : 1 hr 32 min Format : Mp4 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin