
အခုတစ်ခေါက်မှာ လျို့ဝှက်ဆန်းပြားပြီး စိတ်ဝင်စားဖို့ကောင်းလှတဲ့ မူးယစ်ဆေးလမ်းကြောင်းက နောက်ဆုံးတော့ ရုန်းထွက်လာနိုင်ခဲ့တဲ့ ဟောင်ကောင်မှုခင်းကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီဇာတ်ကားလေး အကျဉ်းကိုပြောပြရမယ်ဆိုရင်တော့ ပင်လယ်စာဆိုင်လေးဖွင့်ဖို့ ဆိုင်ခန်းငှားပြီး ပြန်လည်ပြင်ဆင်ရာကနေ အောက်ထပ် လှေကားအောက်နားလေးမှာ အပေါက်လေးဖြစ်နေခဲ့တာကိုတွေ့ခဲ့ရတယ်... အဲ့ အပေါက်လေးကို ရေဆိုးမြောင်းပိုက်ထင်ပေမယ့် လူအရိုးထွက်လာလို့ အလောင်းဝှက်ထားမှန်းသိခဲ့ရတာပေါ့.... ဒီလိုနဲ့ ဒီအလောင်းပိုင်ရှင်နဲ့ သေဆုံးတဲ့ ဇစ်မြစ်ကို လိုက်ရာကနေ အလောင်းဟာ လွန်ခဲ့တဲ့ ၈ နှစ်က အသတ်ခံရတာသိရပေမယ့် သေဆုံးရတဲ့အကြောင်းရင်းကို မသိနိုင်ဖြစ်နေရတယ်... အကြောင်းကတော့ DNA အဖြေကြောင့် ဘယ်သူဆိုတာသိရပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ဒီအမှုနဲ့ပတ်သက်တယ်ထင်ရသူနဲ့ သေဆုံးသူနဲ့ နီးစပ်သူ အားလုံးက သေဆုံးသူနဲ့ မိသားစုအကြောင်းမသိဘူးဆိုနေတာက တစ်ကြောင်း... နောက်ပြီး သေဆုံးသူအလောင်းမပေါ်ခင် ၃ နှစ်တည်းက သေဆုံးသူဇနီးဆုံးသွားတာက တစ်ကြောင်းကြောင့်ပေါ့... ကဲ ဒီလို အတားအဆီးတွေကြားကနေ အမှုမှန်ကိုဖော်ထုတ်နိုင်ပါ့မလား... သေဆုံးရတဲ့ အကြောင်းရင်းနဲ့ တရားခံကို ၈ နှစ်တောင်ကြာနေတာ သိနိုင်ပါ့မလား.... သိနိုင်တာပေါ့နော်... သိနိုင်လို့ ဇာတ်လမ်းရိုက်တာဆိုတော့ကာ ဘယ်လို အဆင့်တွေကို ဘယ်လိုကျော်ဖြတ်ပြီး ကြိုးစားဖော်ထုတ်ခဲ့တယ်ဆိုတာ ဒီဇာတ်ကားလေးကို ဒေါင်းကြည့်လိုက်ရင် သိနိုင်မှာမို့ ဉာဏ်ကစားရကြိုက်သူတွေ လက်လွတ်မခံဘဲ ကြည့်လိုက်ကြနော် [ Reviewed By Chu Chu ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Crime Runtime : 1h 48min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded By LK
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.1 GB | Download | |
| 480p | 493 MB | Download |
ထုတ်လွှင့်သည့်နေ့
June 16, 2022
ကြာချိန်
1h 48m
အဆင့်သတ်မှတ်ချက်
6.0 / 10
Director
Dennis Law