
သိုင်းလောကထဲမှာ အလွန်မှ လျှို့ဝှက်ပြီး ကြောက်စရာကောင်းတဲ့ ဝုယင်ဆိုတဲ့ လူသတ်သမားဂိုဏ်းတစ်ခု ရှိပါတယ်။ ဝုယင်ဂိုဏ်းရဲ့ ထူးခြားချက်က လုပ်ကြံသူအားလုံးဟာ အလွန်လှပတဲ့ မိန်းမလှလေးတွေပဲဖြစ်ပြီး ယောကျာ်းတွေကို ညှို့ယူပြီး သတ်ဖြတ်လေ့ရှိတယ်တဲ့။ ဝုယင်ဂိုဏ်းမှာ ရင်ညန်နဲ့ ရိုကျီဆိုတဲ့ သူငယ်ချင်း နှစ်ယောက်ဟာ သေအတူရှင်အတူဖြစ်မဲ့ နှလုံး ယစ်မူးတစ်ဖက်ကမ်းပိုးကောင်ကို သောက်ခဲ့ကြပြီး အမြဲတစေ တစ်ပူးတွဲတွဲ သွားလာလှုပ်ရှားခဲ့ကြပါတယ်။ တစ်နေ့မှာ ဆရာက ချန်အန်းက တရားရေးရုံးတော်မှာ လူတစ်ယောက်ကို သတ်ဖို့ အမိန့်ပေးခဲ့တဲ့အတွက် သူတို့နှစ်ယောက် ချန်အန်းကို ထွက်လာခဲ့ကြပါတယ်။ လမ်းတစ်ဝက်မှာ တရားရေးရုံးတော်က ဒုအမတ်စီးမာရှန်းအန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ စီးမာရှန်းအန်းဟာ လွန်ခဲ့တဲ့ ၁၈ နှစ်က မိသားစုလိုက်သတ်ခံရတဲ့အမှုကို လိုက်လံစုံစမ်းနေသူ ဖြစ်ပါတယ်။ တစ်ယောက်က အပြစ်သားတွေကို ဖမ်းတဲ့ တရားရေးရာရုံးတော်က ဒုအမတ်…… တစ်ယောက်က အမိန့်ရရင် ဘယ်သူဘယ်ဝါ အကြောင်းရင်းမမေးတဲ့ လူသတ်သမား…… သူတို့နှစ်ယောက်ကြား ဘယ်လိုအဖြစ်အပျက်တွေဖြစ်ပြီး ဘယ်လိုအဆက်အနွယ်တွေ ရှိလာမလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။